လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးကြတဲ့ နိုင်ငံတွေထဲမှာတောင်ကိုရီးယားနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။တောင်ကိုရီးယားပြည်သူတွေကတော့ သူတို့နိုင်ငံမှာခေတ္တရောက်ရှိနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့အလုပ်လုပ်ကိုင်နေကြတဲ့သူတွေကို အားပေးကူညီနေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေက လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာလည်း ကိုရီယားပြည်သူတွေက တက်တက်ကြွကြွနဲ့လှုပ်ရှားပေးကြတာဖြစ်ပါတယ်။
ဒါ့အပြင်လည်း ကိုရီးယားလူမျိုးကလေးငယ်လေးတွေကပါ မြန်မာစာပေနဲ့ စာလေးတွေရေးသားပြီး အားပေးစကားပြောပေးကြသေးတာဖြစ်ပါတယ်။အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံကလည်း မြန်မာလူမျိုးတွေရဲ့အခြေအနေကို ကိုယ်ချင်းစာကြလို့ သူတို့တွေကလည်း တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကိုရီးယားပန်းချီဆရာတွေက မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ပုံရိပ်လေးတွေကို အမှတ်တရပန်းချီတွေ ရေးဆွဲပြီး ပြခန်းမှာပြသထားတာပဲဖြစ်ပါတယ်။
မြန်မာ့အရေးကိစ္စကို သေသေချာချာပုံလေးတွေဆွဲထားကြတဲ့ ပန်းချီဆရာတွေရဲ့လက်ရာက အရမ်းအသက်ဝင်လှပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ နောက်ဆုံးအမှတ်တရပုံရိပ်လေးတွေကိုလည်း ပန်းချီအဖြစ်တွေ့မြင်နေရတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ ဒုက္ခအခက်အခဲတွေကို ကိုယ်ချင်းစာပေးပြီး အမှတ်တရလေးတွေဖန်တီးပေးထားကြတဲ့ ကိုရီးယားပန်းချီဆရာတွေရဲ့လက်ရာလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder