အသက်အရွယ်ကြီးရင့်ပေမယ့်လည်း ဒုတ်ကောက်လေးနဲ့လမ်းပေါ်ထွက်လာကာ ပြည်သူတွေကို လက်သုံးချောင်းထောင်ပြနေတဲ့ ဘဘတစ်ဦး

//s9.kh1.co/d4/d4f822bd67facc8d52abaca3c7ff52600da14a27.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်အရွယ်ကြီးရင့်ပေမယ့်လည်း ဒုတ်ကောက်လေးနဲ့လမ်းပေါ်ထွက်လာကာ ပြည်သူတွေကို လက်သုံးချောင်းထောင်ပြနေတဲ့ ဘဘတစ်ဦး

ရဲစွမ်းသတ္တိအပြည့်နဲ့ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ လူငယ်တွေကတော့ (၃)လကျော်ကြာသွားပြီဖြစ်တဲ့လက်ရှိအခြေအနေမှာ ကိုယ်ရောစိတ်ပါနှစ်ထားကြဆဲဖြစ်ပါတယ်။လူငယ်တွေက သွက်သွက်လက်လက်လည်းရှိကြပြီး အများအကျိုးအတွက် အသက်ကိုတောင်ပေးရဲကြလို့ အရမ်းလေးစားစရာကောင်းကြပါတယ်။ဒီကာလမှာတော့ Gen X,Y,Zတွေအပြင် Gen Alpha လေးတွေကပါ မိမိတို့စွမ်းဆောင်နိုင်တဲ့နေရာလေးတွေကနေတစ်တပ်တစ်အားပါဝင်အားဖြည့်ရင်း တာဝန်ကျေပွန်နေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ တချို့အဘိုး၊အဘွားတွေကလည်း လူငယ်တွေရဲ့အနာဂတ်အတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးစားပေးနေကြတာကိုတွေ့မြင်ရပါတယ်။အခုဆိုရင်လည်း အသက်(၇၀)ကျော်ဝန်းကျင် ဘဘတစ်ယောက်က ဇာတိသွေး၊ဇာတိမာန်တွေထက်သန်လို့ ဒုတ်ကောက်ကိုအားပြုပြီး လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းပါဝင်နေတာဖြစ်ပါတယ်။ဘဘကတော့ မီးပွိုင့်လမ်းဆုံမှာရပ်ပြီး ဖြတ်သွားဖြတ်လာပြည်သူတွေကို လက်သုံးချောင်းထောင်ပြနေတာပဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်အရွယ်ကြီးရင့်ပေမယ့်လည်း ရှိသလောက်ခွန်အားလေးနဲ့ လမ်းပေါ်ထွက်လာတဲ့ ဘဘကို အရမ်းလေးစားလို့ ပြည်သူတစ်ဦးက မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။အခုလိုအချိန်မှာတော့ ပြည်သူတွေက အပြန်အလှန်အားပေးကြပြီး ကြုံတွေ့လာရတဲ့အခြေအနေတွေကိုလည်း အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာပဲဖြစ်ပါတယ်။နေပူပြင်းတဲ့လမ်းမပေါ်မှာ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ ဘဘရဲ့ လေးစားစရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 


Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T