အသက် (၇၃)နှစ်အရွယ်ရှိနေပေမယ့်လည်း ဝမ်းရေးအတွက် ပြောင်းဖူးဖုတ်ရောင်းပြီး ရှာဖွေစားသောက်နေရတဲ့ မန္တလေးမြို့ကအဘွားအိုတစ်ဦး

//s9.kh1.co/84/847eb574976ddce1bc59f3c771620ad0c421d6ff.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက် (၇၃)နှစ်အရွယ်ရှိနေပေမယ့်လည်း ဝမ်းရေးအတွက် ပြောင်းဖူးဖုတ်ရောင်းပြီး ရှာဖွေစားသောက်နေရတဲ့ မန္တလေးမြို့ကအဘွားအိုတစ်ဦး

လက်ရှိအချိန်မှာတော့ ပြည်သူတွေအများစုက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်လို့ အားတင်းပြီး ရှေ့ဆက်နေကြတာလည်း ဖြစ်ပါတယ် ။ အားလုံးသွေးမအေးသွားစေဖို့အတွက် လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား ပြုလုပ်ပေးနေကြတဲ့သူတွေရှိသလို ဝမ်းစာရှာဖွေဖို့အတွက် လမ်းပေါ်ထွက်နေရတဲ့ ပြည်သူတွေလည်းရှိတာ ဖြစ်ပါတယ် ။ အခုလည်း မန္တလေးမြို့မှာနေထိုင်တဲ့ အဘွားအိုတစ်ဦးရဲ့အကြောင်းကို ပြည်သူတစ်ယောက်က ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီအဘွားအိုကတော့ အသက် (၇၃) နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း စားဝတ်နေရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ် ။ အဘွားက မန္တလေးမြို့၊ဗောဓိကုန်းကျောင်းမြောက်ဘက်မှာ ပြောင်းဖူးဖုတ် ရောင်းနေတာဖြစ်ပြီး အရင်ကတော့ ပြောင်းဖူးတွေကိုပြုတ်ကာ လိုက်ရောင်းခဲ့တာပဲ ဖြစ်ပါတယ် ။ ကားလမ်းကူးရတဲ့ ဒုက္ခတွေအပြင် အမောမခံနိုင်တာကြောင့် အရင်လိုလိုက်မရောင်းတော့ဘဲ အခုလို ထိုင်ရောင်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တစ်ခါတလေဆိုရင် ရောင်းမကုန်တဲ့နေ့တွေရှိတာကြောင့် အဘွားခမျာ ရပ်ကွက်ထဲက ကလေးတွေကိုပဲ လိုက်ဝေပေးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ကူညီလိုစိတ်ရှိတဲ့ ပြည်သူတစ်ဦးက အဘွားရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ အဘွားကိုတွေ့ရင် ဝယ်ယူအားပေးကြဖို့ကိုလည်း သူကတောင်းဆိုပေးထားတာ ဖြစ်ပါတယ် ။ စျေးရောင်းတဲ့နေရာနဲ့ အဘွားနေတဲ့နေရာက မဝေးတာကြောင့် အိမ်အထိ သွားရောက်အားပေးနိုင်ကြောင်း ပြောပြပြီး လိပ်စာကိုပါ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T