ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက တိုင်းပြည်မငြိမ်မသက်ဖြစ်မှုတွေဟာ ယခုမေလအထိ မရပ်တန့်နိုင်သေးပါဘူး။ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းတွေလည်းရပ်နားလိုက်ရတာကြောင့် အလုပ်လက်မဲ့ဦးရေများလာခဲ့ပြီး ပြည်သူတွေဟာ အရင်ကထက်ပိုပြီးကျပ်တည်းလာခဲ့ကြပါ တယ်။ ဒီလိုအခက်အခဲတွေကို ပြည်သူအချင်းချင်းကူညီဖေးမရင်း ရှေ့ဆက်လာခဲ့ကြတာပါ။ ဒီနေ့မှာလည်း DF team မှာ ပါဝင်ခဲ့ပြီး ရှေ့တန်းကရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သူတစ်ဦးဟာ လက်ရှိအခြေအနေမှာ မိသားစုအတွက်အကျပ်အတည်းတွေဖြစ်လာခဲ့တာမို့ သူ့ရဲ့အခက်အခဲကို စေတနာရှင်တွေဆီမှာ အကူအညီတောင်းခံလာခဲ့ပါတယ်။

Photo Credit - Nway Nway Chit Phwal's FB Acc

ဒီအကြောင်းကို အွန်လိုင်းပေါ်ကဈေးရောင်းချသူတွေရဲ့အခက်အခဲကို စာနာစိတ်နဲ့ကူညီပြီး သူမရဲ့လူမှုကွန်ယက်မှာကြော်ငြာပေးတဲ့ မော်ဒယ်နွေးနွေးချစ်ဖွယ်က ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အခက်ခဲဖြစ်နေတဲ့ဖခင်တစ်ယောက်ရဲ့ အကူညီတောင်းခံမှုကို " အခုလိုအချိန်မှာ အကုန်လုံးခက်ခဲနေတယ်ဆိုတာသိပါတယ်ဗျာ ဒါပေမယ့်ကျွန်တော်ရှေ့မျက်နှာနောက်ထားပြီး အကူအညီလေး (၁) ခုလောက်တောင်းချင်လို့ပါဗျာ ကျွန်တော်ကပုဂ္ဂလိက ဝန်ထမ်း (၁) ယောက် ပါ DF team မှာလည်းပါပါတယ်ဗျ ကျွန်တော့်မှာကလေးနဲ့မိန်းမလည်းရှိပါတယ် အခုဟာက ကျွန်တော့်ကလေးအတွက် နို့မှုန့်နဲ့ အခြားလိုအပ်တာလေးတွေဝယ်ဖို့ အခက်အခဲလေးဖြစ်နေလို့ အကူအညီတောင်းတာပါဗျ အဆင်ပြေသလောက်လေး ကူညီပေးကြပါဦးဗျာ ကျွန်တော့် Wave money QR လေးထည့်ပေးထားပါတယ်ဗျ Wave (095402160) " ဆိုပြီး သူမရဲ့ လူမှုကွန်ယက် ကနေဖော်ပြကာ မေတ္တာနဲ့ထပ်ဆင့်ကူညီပေးခဲ့ပါတယ်။

Photo Credit - Nway Nway Chit Phwal's FB Acc

ဘယ်လောက်ပဲကောင်းတာတွေလုပ်လုပ် ဝေဖန်တိုက်ခိုက်ချင်သူတွေများပေမယ့် သူမအနေနဲ့ စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထားတဲ့အကြောင်းကိုလည်း " တချို့နွေးရဲ့ဒီလုပ်ရပ်ကို စောင်းမြောင်းရေးတယ် မြင်တယ် မသိချင်ယောင်ဆောင်ပေးလိုက်တယ် ငါတော်တော် မှားသွားလာ (၁၀) ခါ ပြန်မေးတယ် လှူနိုင်တဲ့အချိန်လှူပြီးသွားပြီ ကိုယ်ဒီအချိန်ငွေမလှူနိုင်ဘူး ကိုယ်လှူနိုင်တာလေးလှူတယ် ပစ္စည်းရောင်းရရင် ရောင်းသူဝယ်သူနှစ်ဦး အဆင်ပြေမယ့်အပြင် Deli လုပ်နေတဲ့မိသားစုပါအဆင်ပြေမယ် ဒီလောက်ပဲ အဆင်ပြေကြပါစေကျွန်မလည်းအဆင်ပြေချင်တယ် ရောင်းရပါစေကျွန်မလဲရောင်းရချင်တယ် ဒီလောက်ပဲ " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - Nway Nway Chit Phwal's FB Acc

သတင်းအရင်းမြစ်: Nway Nway Chit Phwal's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။