အဆင်မပြေလို့ဈေးရောင်းနေရပေမယ့် အရင်ကလောက်ရောင်းအားသိပ်မရှိကြောင်းပြောကြားလာတဲ့ မော်လမြိုင်ကပြည်သူတစ်ဦး

//s9.kh1.co/0b/0bb76393a745a07e091c6a7669d937651ed1a76c.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ လတ်တလောအခြေအနေတွေကြောင့် အနယ်အနယ်အရပ်ရပ်က ပြည်သူတွေဟာ အလုပ်အကိုင်တွေကိုလည်း ရပ်နားထားရကာ စီးပွားကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုအချိန်တွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ပိုလျှံတဲ့ ပြည်သူတွေကပဲ တတ်နိုင်သလောက် လိုအပ်တဲ့ အစားအစာနဲ့ အလှူငွေများကို လှူဒါန်းမှုတွေပြုလုပ်ပေးကာ အချင်းချင်းကူညီဖေးမနေကြတာပါ။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

နယ်ဘက်တွေမှာဆိုရင်လည်း ခရီးသွားလာသူတွေနည်းပါးတာကြောင့် သက်ဆိုင်ရာ လုပ်ငန်းအသီးသီးကိုလုပ်ကိုင်နေကြတဲ့ ဒေသခံတွေဟာ အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဈေးရောင်းကာအသက်မွေးဝမ်းကျောင်း ပြုနေရသူတွေဆိုရင်လည်း ဒီလိုအခြေအနေတွေမှာ အပြင်ထွက်သူတွေ အရင်လောက်မရှိတာကြောင့် ဈေးရောင်းမကောင်းတာတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပုံမှန်ချိန်တွေဆို ခရီးသွားလာသူတွေ မြို့ခံလည်ပတ်ကြသူတွေနဲ့ စည်ကားလျက်ရှိနေတဲ့ မော်လမြိုင် ကမ်းနားဈေးဟာလည်း အခုဆိုရင်လာရောက်သူတွေနည်းပါးပြီး ရှင်းလင်းနေတာကိုတွေ့မြင်ရပါတယ်။ခုလိုဈေးဝယ်သူနည်းပါးလျက်ရှိတာနဲ့ပတ်သက်ပြီးလည်း ဈေးရောင်းသူတစ်ဦးက " "အရင်က ရေပေါ်ညစျေးဘက်မှာ ရောင်းတာ အဲ့ဒီကနေ နေရာပြောင်းပြီး အခုအရင်ကလမ်းလျှောက် ညစျေးတန်းဘက်ကို ပြောင်းခိုင်းထားတယ်၊ အဆင်မပြေလို့သာ ကြောက်ကြောက်နဲ့ စျေးရောင်းနေရတာ အရင်ကလောက်တော့ရောင်းအားသိပ်မရှိဘူး နောက်ပြီး နေရာပြောင်းခိုင်းပြီး စည်းကားနေတယ်ဆိုပြီး သူတို့တွေ ဓာတ်ပုံတွေ လာရိုက်ပြီး တင်နေတာမျိုးတွေ တွေ့တယ်လို့ စျေးရောင်းသူတစ်ဦးက ပြောပါတယ်။"ခုလိုရင်ဖွင့်ပြောကြားလာတာဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T