စက္ကူလေယာဉ်ပျံပေါ်တွင် ရင်တွင်းခံစားချက်တွေကို ချရေးကာ ဝေဟင်မပျံနိုင်သော လေယာဉ်သပိတ်ကို ပြုလုပ်ခဲ့ကြတဲ့ လူငယ်များ

//s9.kh1.co/41/416ed9c7dae224e7f5fdf87a0a6d359bc138139c.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးဟာဆိုရင် ဧပြီလ (၂၈)ရက်နေ့ နောက်ပိုင်းကနေ ဒုတိယအကြိမ် လမ်းမပေါ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေက မြို့နယ်အသီးသီးအလိုက် ပြန်လည်အားကောင်းလာတာ ပဲဖြစ်ပါတယ်။မျိူးဆက်သစ် လူငယ်တွေကလည်း ဘယ် လောက်ပဲ အခက်အခဲတွေရှိနေပါစေ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ယုံကြည်မှုတွေ ပြင်းထန်စွာနဲ့ ဆက်တိုက်ကြိုးစား ဆောင်ရွက်နေတုန်း ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒီလူထုလှုပ်ရှားမှုကြီးဟာ သုံးလကျော်လာခဲ့ပေမယ့်လည်း ပြည်သူတွေအားလုံးက ရဲစွမ်းသတ္တိအပြည့်နဲ့ နောက်မဆုတ်ပဲ ဆန်းသစ်တဲ့ လှုပ် ရှားမှုတွေ မျိုးစုံနဲ့ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်း အသက်ပေးသွားကြရတဲ့ အာဇာနည်တွေ အများအပြားရှိသလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သူတွေကလည်း အတော်များနေပြီ ဖြစ်ပါတယ်။နေ့ရက်တိုင်း မရိုးနိုင်တဲ့ လှုပ်ရှားမှု မျိုးစုံကို နေရာအနှံ့အပြားမှာ ပြုလုပ်ရင်း တူညီတဲ့ ပန်းတိုင်ဆီကို ရောက်အောင် ချီတက်နေကြတာလည်း တွေ့မြင်ရပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့ရှိ ပြည်သူများက အာဏာရှင် ပညာရေး စနစ်ဆန့်ကျင်ခြင်း အနေဖြင့် "ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံ" အမည်ဖြင့် စက္ကူလေယာဉ်ပျံများ ပြုလုပ်ပြီး လမ်းပေါ်ချကာ လေယာဉ်ပျံ သပိတ်ကို ပြုလုပ်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။လူငယ်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရအောင်အကြံဉာဏ်မျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နိုင်တာ လည်း လေးစားစရာပါပဲ......

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T