ရေအခက်အခဲဖြစ်နေတဲ့ ကရင်ပြည်နယ် ပလောတခေါရွာလေးအတွက် ရေလှောင်ကန် တည်ဆောက်ပေးမယ့် ထူးအယ်လင်းရဲ့ ဗီဒီယို

//s9.kh1.co/3a/3ada471b3b1165d07eca08bb49c38b8654b0c9ce.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

သီချင်းကောင်းတွေ များစွာထွက်ရှိထားကာ အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ အဆိုတော်ထူးအယ်လင်းပဲ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ပြည်သူတွေအတွက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ထူးအယ်လင်းကတော့ လက်ရှိမှာလည်း ရေအခက်အခဲဖြစ်နေတဲ့ ပလောတခေါရွာလေးအတွက် ရေလှောင်ကန်တည်ဆောက်ပေးမယ့်အကြောင်းပြောလာပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

ကရင်ပြည် ဖားအံမြို့နယ် ပလောတခေါရွာလေးမှာ စစ်ဘေးရှောင်ပြည်သူတွေ ရေရရှိဖို့အတွက် လှူဒါန်းကူညီမယ့်အပြင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကြော်တို့ကိုလည်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာတွေကို ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာဖြစ်သလို လောဘနည်းတဲ့ တိုင်းရင်းသားတွေရဲ့ချစ်စရာစိတ်ထားတွေကိုလည်း ထူးအယ်လင်းက ပြောပြထားပါသေးတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

"စက်ရေတွင်းတူးပေးဖို့ မဖြစ်နိုင်တော့ ရေလှောင်ကန်တည်ပေးဖို့ သာရည်ရွယ်တော့တယ်။ 

ကရင်ပြည် ဖါးအံမြို့နယ် ပလောတခေါရွာ.." ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်အောက်မှာတော့ တကယ်လိုအပ်နေတဲ့နေရာတွေမှာ ကောင်းမွန် မွန်မြတ်တဲ့ အလှူတွေ ပြုလုပ်နေတဲ့ ထူးအယ်လင်းတို့ အဖွဲ့ကို ပရိသတ်တွေကလည်း သာဓုခေါ် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

သတင်း အရင်းအမြစ်Htoo El Lynn's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T