ရာနဲ့ချီတဲ့ ပြည်သူတွေပါဝင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ မန္တလေးက တပ်ပေါင်းစု သပိတ်စစ်ကြောင်း

//s9.kh1.co/6c/6cf6af82801e0cd5f635a0ed32ad62a51f26cd38.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်တိုင်း ဖြိုခွဲ ဖမ်းဆီးခံနေရပေမယ့်လည်း ကြောက်ခေတ်ကိုမှောက်ပစ်ပြီး လမ်းမတွေပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်သူတွေကတော့ နေ့တိုင်းရှိနေတာကိုတွေ့ရပါတယ်။

ယနေ့ မေလ ၄ ရက်နေ့ မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမြို့နယ်အတွင်းက လမ်းမတွေပေါ်မှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းအတွင်းမှာတော့ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း ၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်း ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း တို့ပါဝင်ပါတယ်။

ဒါ့အပြင် တက္ကသိုလ် ဆရာ/မများ သပိတ်စစ်ကြောင်း နဲ့ ကျောင်းသူ ၊ ကျောင်းသားတွေအပြင် နယ်ခံပြည်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီသပိတ်စစ်ကြောင်းအတွင်းမှာပါရှိတဲ့ ရာနဲ့ချီသော ဆန္ဒထုတ်ဖော်သူတွေဟာ လက်သုံးချောင်းထောင်ပြီး လမ်းမတွေပေါ်မှာ လမ်းလျှောက်ကာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်နေစဥ်အတွင်းမှာ လာရောက်ဖြိုခွဲ ဖမ်းဆီးခံရတာမျိုးမရှိပဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T