သတင်းမှန်တွေမနားတမ်းတင်ပေးနေပေမယ့် မဟုတ်မမှန်စွပ်စွပ်ချက်တွေနဲ့ တိုက်ခိုက်ခံနေရတဲ့ ဟန်နာယူရီ

//s9.kh1.co/82/825d4bc015dc9300f18fd3442fa6200bcada058b.png
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ယနေ့အချိန်ထိ ဘာဝင်ငွေမှ မရှိတော့သလို အပ်ထားတဲ့အလုပ်တွေ အချိန်မီမပြီးနိုင်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေကိုတောင် ငွေပြန်လျော်ရတဲ့အခြေအနေထိဖြစ်လာခဲ့တဲ့ မော်ဒယ်ဟန်နာယူရီဟာ အမှန်တရားရဲ့ ဘက်တော်သားစစ်စစ်ဖြစ်ပြီး နိုင်ငံ့အရေးနဲ့ပတ်သက်တဲ့ သတင်းအမှန်တွေကို သူမရဲ့လူမှုကွန်ယက်ကနေတဆင့် တစ်ကမ္ဘာလုံးသိစေဖို့အတွက် ကြိုးစားပေးနေခဲ့ပါ တယ်။ ကိုယ်တိုင်ဝင်ငွေမရှိပေမယ့်လည်း ဒီကိစ္စကိုအရေးမထားဘဲ တိုင်းပြည်အရေးအတွက်သာ တတ်နိုင်တဲ့ဖက်ကကြိုးစားပြီး အချိန်ပြည့် သတင်းမှန်တွေ ဝေမျှပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

လက်ရှိမှာကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့စာရင်းအမှန်ကို တင်ပြရာမှာတော့ မလိုသူတစ်ယောက်က " Media ပေါင်းစုံက (၂၀၀) ကျော်ပဲကြေငြာတာပါ ညီမကဒေါ်လာဘယ်လောက်ရလို့ သောက်တလွဲ ပြောရတာလဲ " ဆိုပြီး လာရောက်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုခဲ့သူကိုတော့ ယိမ်းက " သတင်းတွေတင်နေတာ ဒေါ်လာစားနေရလို့တဲ့ကွယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ ရှေ့လျှောက် Korea မှာ thai မှာ ဒေါ်လာတွေနဲ့ပဲ အလုပ်တွေလက်ခံရပါစေ " ဟုဆိုကာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ အမှန်တရားအတွက် ကြိုးစားနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေကတော့ ကြုံရစမြဲပါ။

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

ဒီနောက်မှာလည်း သူမရဲ့လက်ရှိအခြေအနေကို " February (1) ထဲက ငါးကျပ်တောင် ဝင်ငွေမရှိဘူး တွေးရင်းဝမ်းနည်းကိုယ့်ဘဝကိုယ်ကိုတောင်။ ခုလိုဒေါ်လာတွေရတယ် ဒေါ်လာစားဆိုတဲ့စကားမှန်ပါစေ အနာဂတ်မှာဒေါ်လာတွေနဲ့ အလုပ်လေးတွေလုပ်ခွင့်ရပါစေ ? " ဆိုပြီး ခပ်နောက်နောက်လေး ပြောခဲ့ပါသေးတယ်။ ယိမ်းလေးတောင်းတဲ့ဆုအမြန်ဆုံးပြည့်ပြီး ဒီထက်အောင်မြင်ပေါက်ရောက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Hanna Yuri's FB Acc
Photo Credit - Hanna Yuri's FB Acc

သတင်း အရင်းအမြစ်Hanna Yuri's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T