Gen-Z လူငယ်တွေဦးဆောင်တဲ့ ကမာရွတ် ဗလိုလမ်းက ပြောက်ကျားသပိတ်

//s9.kh1.co/8e/8ee6a32ba05d0f7fcd268b5ae92614a856cb274b.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Gen-Z လူငယ်တွေ ပြုလုပ်တဲ့ ပြောက်ကျားသပိတ်တွေဟာ ရန်ကုန်တိုင်းအတွင်းက နေရာတော်တော်များများမှာ တွေ့ရပြီး ရရာနည်းနဲ့ ဆန္ဒဖော်ထုတ်နေတာကို တွေ့ရပါတယ်။

အပြင်ထွက် ဆန္ဒဖော်ထုတ်ရင် အဖမ်းခံရနိုင်သလို ၊ အခန့်မသင့်ရင် အသက်ပါသေဆုံးသွားနိုင်ပေမယ့် ရဲရဲနီတဲ့ သတ္တိနဲ့ လမ်းမတွေပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေလည်း များစွာရှိနေတာကို တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီကနေ့ မနက်ပိုင်းလောက်ကဆိုရင်လည်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က ဗလိုလမ်းမပေါ်မှာ လူငယ်တွေဦးဆောင်တဲ့ပြောက်ကျားသပိတ်တစ်ခု ထွက်ရှိခဲ့ပါတယ်။

ဒီပြောက်ကျားသပိတ်အတွင်းမှာတော့ ကြည့်မြင်တိုင် အထွေထွေသပိတ် ၊ စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း ကလူငယ်တွေပါဝင်ပါတယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

မနက် ရှစ်ခွဲလောက်မှာ စတင်ခဲ့တဲ့ လူငယ်တွေရဲ့ ဒီပြောက်ကျားသပိတ်ကိုတော့ ဗလိုလမ်းမပေါရှိ ပြည်သူတွေက လက်ခံအားပေးခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပြောက်ကျား သပိတ်အတွင်းမှာ ပါဝင်တဲ့ လူငယ်တွေဟာ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T