ကျဆုံးသွားခဲ့တာ(၂)လပြည့်သွားပြီဖြစ်တဲ့ သူရဲကောင်းမလေး ကြယ်စင်ကို အမြဲအောက်မေ့သတိရနေကြတဲ့ ပြည်သူများ

//s9.kh1.co/16/16f5c885305fb1bec6274203afc73634070fb09e.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားခဲ့တာ(၂)လပြည့်သွားပြီဖြစ်တဲ့ သူရဲကောင်းမလေး ကြယ်စင်ကို အမြဲအောက်မေ့သတိရနေကြတဲ့ ပြည်သူများ

လူထုလှုပ်ရှားမှုမှာပါဝင်ရင်း  အသက်ပေးသွားရတဲ့သူရဲကောင်းတွေကတော့ ဒီနေ့အထိဆို အယောက်(၈၀၀)ဝန်းကျင်လောက်ရှိနေပြီ ဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကလည်း မိမိတို့ရဲ့သွေးရင်းခြာများကိုဆုံးရှုံးလိုက်ရလို့ နေ့တိုင်း ဝမ်းနည်းပူဆွေးနေရတာပဲဖြစ်ပါတယ်။တချို့ကျဆုံးသူရဲကောင်းတွေဆိုရင် မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းပေးနေကြတဲ့သူတွေဖြစ်တာကြောင့် သူတို့မရှိတော့လို့ ခက်ခဲကြပ်တည်းနေကြတဲ့ကျန်ရစ်သူမိသားစုကို ပြည်သူတွေက တတ်နိုင်သလောက်ကူညီပေးကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကလည်း အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့သူရဲကောင်းတွေကို အမြဲအောက်မေ့သတိရနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတွေက ကျဆုံးသွားတာ (၂)လပြည့်သွားပြီဖြစ်တဲ့ ကြယ်စင်(ခ)Angel(ခ)ကျားရှိ ကိုသတိရနေကြဆဲဖြစ်ပါတယ်။ကြယ်စင်ကျဆုံးသွားချိန်မှာ သူမရဲ့အသက်က(၁၉)နှစ်သာ ရှိပြီး တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ကြယ်စင်က မတ်လ(၃)ရက်နေ့မှာဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးခဲ့တာကြောင့် မေလ(၃)ရက်နေ့မှာ (၂)လတိတိပြည့်သွားပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူရဲကောင်းမလေး ကြယ်စင်ရဲ့(၂)လပြည့်တဲ့နေ့လေးမှာ ပြည်သူတွေက ဘယ်တော့မှမမေ့ကြတဲ့အကြောင်းလေးကို စာလေးတွေရေးသားပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးကြတာ ဖြစ်ပါတယ်။ကြယ်စင်လေးရဲ့မိဘတွေခမျာမှာလည်း သူရဲကောင်းသမီးလေးအတွက် ဂုဏ်လည်းယူသလို အချိန်တိုင်းကြေကွဲခံစားနေရတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ပြည်သူလူထုက အမြဲလေးစားပြီး သတိတရရှိနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T