အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ယင်းမာပင်မြို့နယ်က Gen Alpha လေးများ

//s9.kh1.co/ab/abdeef62b3021c035b284b6995d2f122d2c85c31.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ယင်းမာပင်မြို့နယ်က Gen Alpha လေးများ

လူငယ်တွေကတော့ တိုင်းပြည်ရဲ့အနာဂတ်အတွက် အဆုံးအစွန်အထိ ပါဝင်လှုပ်ရှားဖို့ကို ဝန်မလေးကြတဲ့သူတွေပဲ ဖြစ်ပါတယ် ။ လူငယ်တွေက ပြည်သူတွေကို ဦးစီးဦးဆောင်ပြုနိုင်စွမ်းရှိသလို အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးဖို့အတွက်လည်း အမြဲအသင့်ရှိနေကြတာ ဖြစ်ပါတယ် ။ လူငယ်တွေဦးဆောင်တဲ့ သပိတ်ကြောင်းတွေကတော့ နေ့တိုင်းလိုလို လမ်းပေါ်မှာရှိနေတတ်ပြီး သူတို့က လူထုလှုပ်ရှားမှုတွေကို မပျက်မကွက် ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လူငယ်တွေသာမက "Gen Alpha" လို့ခေါ်တဲ့ တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေလည်း လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ Gen Alpha လေးတွေကတော့ ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ သူတို့တတ်စွမ်းသလောက် ကြိုးစားပါဝင်ပေးနေကြတာလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ယင်းမာပင်မြို့နယ်မှာရှိတဲ့ ကလေးတွေက ကျောင်းဝတ်စုံလေးတွေကိုယ်စီ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူတို့ကတော့ "ကျွန်ပညာရေးစနစ် အလိုမရှိ" ဆိုပြီး ရေးသားထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ပြီး လမ်းတစ်လျှောက် လှည့်လည်ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ် ။ အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ဒီကလေးတွေကို ပြည်သူတွေကပါ ချီးကျူးခဲ့ရတာပဲ ဖြစ်ပါတယ် ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ရွာက Gen Alpha လေးတွေရဲ့ဆန္ဒထုတ်ဖော်ပွဲပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T