အိမ်တွေအကုန်မီးလောင်သွားလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာရပြီး ဒုက္ခရောက်နေကြတဲ့ မန်လီရွာက စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/f0/f09ca9a3174f8ba8ecf0ef36c54ae0e94ffe2db2.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အိမ်တွေအကုန်မီးလောင်သွားလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာရပြီး ဒုက္ခရောက်နေကြတဲ့ မန်လီရွာက စစ်ဘေးရှောင်ပြည်သူများ

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့ကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရှိ နောင်ချိုမြို့နဲ့ သီပေါမြို့တွေမှာ သပိတ်ကြောင်းတွေဖြိုခွဲခံရပြီး ပြည်သူတွေ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် တစ်ချို့နေရာတွေမှာဆိုရင်လည်း စစ်ဘေးဒဏ်ကြောင့် အသက်လုပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေများစွာရှိနေတာပဲ ဖြစ်ပါတယ် ။ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့အတွက် အလှူရှင်တွေ၊ စေတနာရှင်တွေကလည်း အစွမ်းကုန်ကြိုးစားပြီး ဝိုင်းဝန်းဖေးမပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc

စေတနာရှင် အမျိုးသားတစ်ဦးကလည်း စစ်ဘေးရှောင်နေရတဲ့ မန်လီရွာက ပြည်သူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း နောက်တစ်နေ့မှာပဲ မန်လီရွာမှာ အိမ်တွေအကုန်မီးလောင်သွားတာကြောင့် ပြည်သူတွေခမျာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကလေးတွေ ရာနဲ့ချီရှိပြီး ကိုယ်ဝန်ဆောင်သည်တွေ၊ အဘိုးအဘွားတွေလည်းရှိတဲ့ မန်လီရွာရဲ့သတင်းကတော့ ကြားရသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc

ဒါကြောင့် စေတနာရှင်တွေကလည်း စစ်ဘေးရှောင်နေရတဲ့ မန်လီရွာက ပြည်သူတွေကို လှူဒါန်းဖို့အတွက် အကူအညီတောင်းခံနေကြတာ ဖြစ်ပါတယ် ။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ကနေ နမ္မတူမြို့ကိုသွားရင် ပန်သပြေစစ်ဘေးရှောင်ရွာကို မရောက်ခင်မှာပဲ မန်လီရွာကို အရင်ဖြတ်ရမှာဖြစ်ကြောင်း သွားရောက်လှူဒါန်းခဲ့တဲ့သူက ပြောပြထားပါသေးတယ်။ လက်ရှိမှာတော့ မန်လီရွာက ပြည်သူတွေခမျာ သူတို့ရဲ့နေအိမ်တွေ ဆုံးရှုံးလိုက်ရတာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Jonas's FB Acc

Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Photo Credit-Jonas's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T