အရေပြားရောဂါကိုခံစားနေရပြီး ထွက်ပြေးရင်းနဲ့ အခြေအနေပိုဆိုးလာလို့ ဆေးကုသဖို့အတွက် အကူအညီလိုအပ်နေရှာတဲ့ စစ်ဘေးရှောင်ကလေးတစ်ဦး

//s9.kh1.co/eb/ebdfcd40a700a218aa27084ca902f6f39d1a51ba.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အရေပြားရောဂါကိုခံစားနေရပြီး ထွက်ပြေးရင်းနဲ့ အခြေအနေပိုဆိုးလာလို့ ဆေးကုသဖို့အတွက် အကူအညီလိုအပ်နေရှာတဲ့ စစ်ဘေးရှောင်ကလေးတစ်ဦး

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ တစ်စတစ်စနဲ့ ပိုမိုများပြားလာပြီ ဖြစ်ပါတယ် ။ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေကတော့ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ ရှောင်တိမ်းနေရတဲ့ ပြည်သူတွေအတွက် အစားအသောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေကအစ အားလုံးလိုအပ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc

အခုလည်း စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်လှူဒါန်းပေးနေတဲ့ ပြည်သူတစ်ဦးက "ဆိုင်းခွါန်" လို့ခေါ်တဲ့ ကလေးလေးအတွက် အကူအညီတောင်းခံပေးထားတာဖြစ်ပါတယ် ။ ဆိုင်းခွါန်လေးကတော့ အရေပြားရောဂါကို ခံစားနေရတဲ့ ကလေးတစ်ဦးဖြစ်ပြီး အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာပဲ သူ့ရဲ့ရောဂါအခြေအနေက ပိုဆိုးလာတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ကိုဆေးကုသပေးဖို့အတွက် အမြန်ဆုံးလိုအပ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc

ဆိုင်းခွါန်လေးရဲ့အကြောင်းကို ပြောပြပြီး အလှူခံပေးလာတဲ့ စေတနာရှင်ကလည်း တစ်ခြားစစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူလိုက်တာကြောင့် ပိုက်ဆံသိပ်မကျန်တော့လို့ အကူအညီတောင်းရတာဖြစ်ကြောင်း ပြောပြထားပါတယ်။ အလှူငွေတွေရတာနဲ့ ဆိုင်းခွါန်လေးကို ဆေးကုသပေးဖို့အတွက် အဲ့ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး စီစဥ်သွားမှာဖြစ်ကြောင်း သူကပြောထားပါသေးတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ရအောင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်း အောက်မှာဖော်ပြပေးထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Ya Da Nar's FB Acc

လှူဒါန်းရန်အတွက် ဖုန်းနံပါတ် - 09965528060 (KBZ Pay)

Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc
Photo Credit-Ya Da Nar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T