သံပုံးတွေညီညီညာညာတီးပြီး ကြက်သီးထစရာကောင်းလောက်အောင် ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/d0/d032d9a002699ebb5e52caf8c9348c76cd320a7f.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သံပုံးတွေညီညီညာညာတီးပြီး ကြက်သီးထစရာကောင်းလောက်အောင် ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

ဖေဖော်ဝါရီလကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ပွဲတွေကတော့ ယခု မေလအထိတိုင်အောင် နေရာတိုင်းမှာ ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံသုံးကာ နေ့ရောညပါ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ သပိတ်တွေ တစ်ခုပြီးတစ်ခု ပြုလုပ်နေကြတဲ့ ပြည်သူတွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်တွေကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Moe Wathann's FB Acc
Photo Credit-Moe Wathann's FB Acc

လတ်တလောမှာဆိုရင်လည်း ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်တစ်ခုက အရမ်းကို လူကြည့်များနေတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ ပြည်သူတွေက စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ စာသင်ကျောင်းတစ်ခုရဲ့အရှေ့မှာ ဆန္ဒဖော်ထုတ်နေကြတဲ့ အဲ့ဒီပြည်သူတွေက "ကျွန်ပညာရေးစနစ် အလိုမရှိ" ဆိုပြီး ကြွေးကြော်နေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Moe Wathann's FB Acc
Photo Credit-Moe Wathann's FB Acc
Photo Credit-Moe Wathann's FB Acc
Photo Credit-Moe Wathann's FB Acc

ဒါ့အပြင် သံချပ်ဆိုပြီးတာနဲ့ သံပုံးတွေကို တစ်ပြိုင်နက်တည်း တီးနေကြတဲ့ သူတို့ရဲ့ပုံစံကလည်း တကယ့်ကို ကြက်သီးထစရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒန်အိုး၊ဒန်ခွက်တွေနဲ့ သံပုံးတွေယူလာပြီး ညီညီညာညာညာတီးကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေထဲမှာတော့ အမျိုးသမီးတွေအများဆုံး ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ စည်းလုံးညီညွတ်မှုကိုပြသခဲ့တဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Moe Wathann's FB Acc

Photo Credit-Moe Wathann's FB Acc
Photo Credit-Moe Wathann's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T