မီးလောင်ပြီး ဆုံးရှုံးသွားရတဲ့ သူတို့ရဲ့နေအိမ်တွေကိုကြည့်ရင်း ပြာပုံပေါ်မှာထိုင်ကာ ငိုကြွေးနေရတဲ့ ပြည်သူတွေရဲ့ပုံရိပ်များ

//s9.kh1.co/07/07f82d15a0ebdd9d269003bf774a7cc2422641e8.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မီးလောင်ပြီး ဆုံးရှုံးသွားရတဲ့ သူတို့ရဲ့နေအိမ်တွေကိုကြည့်ရင်း ပြာပုံပေါ်မှာထိုင်ကာ ငိုကြွေးနေရတဲ့ ပြည်သူတွေရဲ့ပုံရိပ်များ

လက်ရှိအခြေအနေမှာဆိုရင် တချို့ပြည်နယ်တွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေက စစ်ဘေးဒုက္ခကိုခံစားနေကြရဆဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ချောင်းဆာကျေးရွာအုပ်စု၊မန်လီရွာမှာ မေလ(၂)ရက်နေ့က မီးရှို့ခံရလို့ အိမ်ခြေ(၄၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဧပြီလ(၆)ရက်နေ့ကလည်း မန်လီရွာမှာ နေအိမ်(၅)အိမ် မီးလောင်ခဲ့ပြီး မေလ(၂)ရက်နေ့မှာတော့ မနက်ပိုင်း(၄)အိမ်နဲ့ ညနေပိုင်းမှာ အိမ်(၄၀) ထပ်မံမီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန်လီကျေးရွာမှာ အိမ်ခြေစုစုပေါင်း(၁၁၂)အိမ်ရှိပြီး မိမိတို့ရဲ့နေအိမ်တွေကို ဆုံးရှုံးလိုက်ရတဲ့ပြည်သူတွေကတော့သီပေါမြို့ပေါ်ရှိစစ်ရှောင်စခန်းမှာ ခဏတာခိုလှုံနေထိုင်နေရတာဖြစ်ပါတယ်။နေအိမ်ဆုံးရှုံးသွားရသူတစ်ဦးဆိုရင်မိတ်ဆွေတစ်ဦးကိုဖုန်းဆက်ပြီး “မောင်လေးရေ အစ်မတို့အိမ်လည်းမီးထဲပါသွားပြီ အဖေက လူကြီးဆိုတော့ ရူးမတတ်ဘဲ အစ်မ အခုရွာကိုရောက်နေတာ ငါတို့ရွာလေးပြာပုံဖြစ်သွားပြီ” ဆိုပြီး ကြေကွဲဝမ်းနည်းမှုတွေကို ရင်ဖွင့်ရှာတာဖြစ်ပါတယ်။လက်ရှိနေထိုင်နေတဲ့ စစ်ရှောင်စခန်းကနေ သူတို့ရွာလေးကို ခဏလာကြည့်ပြီး ငိုယိုနေကြတဲ့မိသားစုတွေအကြောင်းကို ငိုရင်းရှိုက်ရင်းပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး နေအိမ်တွေမီးလောင်ဆုံးရှုံးသွားရတာကြောင့် တချို့အဘွားတွေနဲ့ အမျိုးသမီးတွေခမျာ ဖြေသိမ့်စရာမရှိလောက်အောင် ငိုကြွေးနေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုဆုံးရှုံးသွားရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။ဘာပစ္စည်းမှမကျန်တော့အောင် အကုန်လုံးပြာကျသွားခဲ့ရတဲ့ မန်လီရွာက ပုံရိပ်တချို့ကို ပြည်သူအများအပြားသိပြီး ကူညီလှူဒါန်းရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T