ပြီးခဲ့တဲ့ဧပြီလ (၁၅) ရက်နေ့ ညနေ (၃) နာရီခန့်က ပုဒ်မ (၅၀၅) (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ပိုပိုဟာ လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာရှိနေပြီး ဖမ်းဆီးခံရစဉ်က သိမ်းယူခံထားရတဲ့ သက်သေခံပစ္စည်းတွေထဲမှာ သူမရဲ့ဖုန်းလည်းပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ယက်ကနေ " bay Park " ဆိုတဲ့ Youtube Video တစ်ခုကို Post တင်ထားခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူတစ်ယောက်အနေနဲ့ အကျဉ်းထောင်ထဲမှာ ဖုန်းသုံးလို့မရနိုင်တာမို့ သူမရဲ့ဖုန်းကို တစ်ယောက်ယောက်က ဝင်ရောက်အသုံးပြုနေပြီလို့ ပရိသတ်တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။
သူမရဲ့ ဖေ့ဘွတ်အကောင့်ကို Report ထုဖို့ ပြောသူတွေရှိသလို ဖုန်းကိုဝင်ရောက်အသုံးပြုသူကိုလည်း ဒီလိုလုပ်ရပ်မလုပ်ဖို့လည်းပြောနေခဲ့ကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့ဖက်က အစွမ်းကုန်ပါဝင်ခဲ့တဲ့ ပိုပိုတစ်ယောက် ထိန်းသိမ်းခံခဲ့ရစဉ်မှာလည်း သူမရဲ့ရပ်တည်ချက်နဲ့ လုပ်ရပ်အတွက် အပြုံးမပျက်ဘဲ မှတ်တမ်းဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီလိုရဲဝံ့တဲ့ အဆိုတော်မလေးဖြစ်တာကြောင့် သူမကိုချစ်ခင်အားပေးမယ့်ပရိသတ်တွေ အရင်ကထက်ပိုပြီးများလာခဲ့ပါတယ်။
ပိုပိုဟာ လက်ရှိမှာထိန်းသိမ်းခံထားရသူဖြစ်တာကြောင့် သူမရဲ့ဖုန်းကို တစ်ယောက်ယောက်က ဝင်ရောက်အသုံးပြုပြီး အခုလို Post တင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘယ်နေရာမှာပဲရောက်ရောက် ဘေးကင်းပြီးလုံခြုံဖို့အတွက် ပိုပို့ရဲ့ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ အဆိုတော်မလေး အန္တရယ်ကင်းပြီး အပြစ်ဒဏ်လျော့ပေါ့ပါစေလို့ ပရိသတ်တွေနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Po Po's FB Acc