ကျောင်းမတက်နဲ့ကျောင်းထွက် လှုပ်ရှားမှု သပိတ်ကို ကျောင်းသားလူငယ်များ စုပေါင်းကာ ပြုလုပ်ခဲ့ကြတဲ့ တောင်ကြီးမြို့နယ်

//s9.kh1.co/1e/1ecc94e8c03a89c91e69cbcf09408ee07d72b835.jpg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လူထုလှုပ်ရှားမှုကြီးကို ဇွဲမလျော့ပဲ အရှိန်အဟုန်ကြီးစွာ အားမာန်အပြည့်နဲ့ ဆက်လက် ကြိုးစားလုပ်ဆောင် နေကြတုန်း ဖြစ်ပါတယ်။ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီကို လိုလားကြတဲ့ ပြည်သူတွေအားလုံးက လူမျိုးမရွေး၊ဘာသာမရွေး တိုင်းရင်းသားပေါင်းစုံ ပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပြီး အခုဆိုရင် ၃လ ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လူထုလှုပ်ရှားမှုတွေက ဧပြီလ ကုန်ခါနီးမှာပဲ ဒုတိယအကြိမ် ပြန်လည် အသက်ဝင်လာကာ နေရာတိုင်းလိုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေက ပိုမိုအားကောင်းလာတာ ဖြစ်ပြီး အဖမ်းအဆီး အပစ်အခတ်တွေ ရှိနေတဲ့ကြားထဲကနေ ပြည်သူတစ်ရပ်လုံးက ရဲရဲဝင့်ဝင့်နဲ့ ပါဝင်လှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။မျိုးဆက်သစ် လူငယ်တွေကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ နည်းလမ်းမျိုးစုံ သုံးကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လတ်တလောမှာတော့ ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းမအပ်ကြဖို့နဲ့ လူငယ်တွေကလည်း ဒီပညာရေးစနစ်ကို ဆန့်ကျင်ကြကြောင်းကို ပုံစံအမျိုးမျိူးနဲ့ ကြိုးစား ဆောင်ရွက်နေကြတာ ပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း အာဏာရှင် လက်အောက်မှာ ကျောင်းမတက်နဲ့ ကျောင်းထွက် လှုပ်ရှားမှုကို တောင်ကြီးမြို့နယ်က ကျောင်းသားလူငယ်များ စုပေါင်းကာ ပြုလုပ်ခဲ့ကြတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T