တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာတဲ့ မြနှင်းရည်လွင်

//s9.kh1.co/ad/ad9f928543817902c89c620eb1547afac039f923.jpeg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်..။

မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Mya Hnin Yee Lwin's Fb Acc

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ မြနှင်းရည်လွင်ကတော့ တကယ့်အလင်းတန်းကို မရမချင်း နေ့တိုင်းဟာ တော်လှန်ရေးနေ့ပဲဆိုပြီး ခိုင်မာပြတ်သားစွာပြောလာပါတယ်..။

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ လုံခြုံရေးအရ ရှောင်တိမ်းနေရပေမယ့်လည်း ဆုံးဖြတ်ချက်တွေ ခိုင်မာစွာနဲ့ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး..။

Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc

"တကယ့်အလင်းတန်းကို မရမချင်း.....

နေ့တိုင်းဟာ ငါတို့ရဲ့တော်လှန်ရေးနေ့တွေချည်းပဲ။

RejectMilitaryCoupInMyanmar.." ဆိုပြီး မြနှင်းရည်လွင်က ရေးသားထားတာ ဖြစ်ပါတယ်..။

​ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကြိုးစားပါဝင်နေတဲ့ မြနှင်းရည်လွင်ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc
Photo Credit - Mya Hnin Yee Lwin's Fb Acc

သတင်း အရင်းအမြစ်Mya Hnin Yee Lwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T