​မိုးသီးများကြွေချိန်မှာ အမိအရ မိုးသီးသပိတ်ကို ပြုလုပ်ခဲ့ကြတဲ့ မိုးကုတ်မြို့မှ ပြည်သူများ

//s9.kh1.co/7e/7e729a07b229750dc10ff68e4ab29a6880064cb4.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရှိ ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးကြီးနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေကြတာဖြစ်ပါတယ်။ Strike တွေမှာ ပါဝင်လှုပ်ရှားဖို့အတွက်လည်း ပြည်သူတွေက အချိန်နေရာမရွေး အမြဲတမ်းတက်ကြွကာ စည်းလုံးနေကြတာလည်း ဖြစ်ပါတယ် ။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေက ရရာနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်ကြသလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း သူတို့နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးအားထုတ်ပေးနေကြတာ ဖြစ်ပါတယ် ။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မရိုးနိုင်တဲ့ နည်းလမ်းတွေကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေကပဲ နိုင်ငံတကာရဲ့ သတင်းတွေ Twitter တွေထိ ရောက်ရှိခဲ့တာလည်းဖြစ်သလို အားလုံးကလည်း ချီးကျူးခဲ့ကြတာပါ။လမ်းပေါ်ထွက်နိုင်သူတွေကလည်း လမ်းမပေါ်မှာချီတက်လှုပ်ရှားကြသလို အပြင်မထွက်နိုင်သူတွေကလည်း မိမိတို့ နေအိမ်မှာပဲ ပြုလုပ်နိုင်မယ့် strike ကိုလှုပ်ရှားလျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာဆိုရင်လည်း ရန်ကုန် မန္တလေး အပါအဝင် အခြားမြို့တွေမှာပါ လူထုလှုပ်ရှားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့တာ တွေ့ရပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မိုးကုတ်မြို့က ပြည်သူတွေဟာဆိုရင်လည်း နေ့ရက်တိုင်းလိုလို အာရုဏ်ဦးသပိတ် တောင်တက်သပိတ် မိုးအေးပေမယ့် သွေးမအေးသပိတ် စတာတွေကို လှုပ်ရှားလျက်ရှိပါတယ်။ယနေ့ မေလ (၅) ရက်နေ့မှာလည်း မိုးသီးများကြွေကျခဲ့ချိန်မှာ အမိအရ မိုးသီးသပိတ်ကို မိုးကုတ်မြို့ရဲ့ နေရာအစုံမှာ လှုပ်ရှားခဲ့ကြတယ်လို့သိရပါတယ်။အေးလွန်းတဲ့ ရသီဥတုကို အံတုကာ မိမိတို့ခံစားချက်တွေကို မိုးသီးများနဲ့ပုံဖော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ပရိသတ်ကြီးအတွက် မိုးကုတ်ရဲ့ မိုးသီးသပိတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T