လူငယ်တွေဦးဆောင်ကာ ချီတက်ခဲ့ကြတဲ့ ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်သပိတ်

//s9.kh1.co/39/392fbe55c76ae4502795e46f6688bbac91193588.jpeg
နေ့စဉ်သတင်းများ

 ၀၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

ဖေဖော်ဝါရီလ (၁) နေ့ထဲကစကာ တစ်ရက်ပြီးတစ်ရက်ကြာမြင့်လာပြီဖြစ်တဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း ဒီနေ့ဒီချိန်အထိ ဇွဲမလျော့ကြသေးဘဲ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ဒီလိုကာလတွေမှာလည်း ပြည်သူတွေဟာ အခက်အခဲတွေကို မျိုးစုံရင်ဆိုင်နေရပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း အားတင်းကာ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ရန်ကုန်ဟာ နေရာတိုင်းမှာ ဖိနှပ်ခံရတာတွေများစွာရှိနေခဲ့တာကြောင့် ဆန္ဒထုတ်ဖော်သူတွေနည်းပါးခဲ့တာ ကိုတွေ့မြင်ရပါတယ်။ဧပြီ (၂၈) ရက်နေ့မှာတော့ လမ်းမပေါ်သတ္တိရှိစွာပြန်လည်ထွက်လာတဲ့ "ဘာတွေလည်း ရန်ကုန်သားတွေ " သပိတ်ကြောင့် ခုဆိုရင်နေ့ရက်တိုင်း မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်မှုတွေကို ပြန်လည်တွေ့မြင်လာရပါတယ်။တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာဆိုရင်လည်း မြို့နယ်ပေါင်းစုံ အထွေထွေသပိတ် တိုင်းရင်းသားပေါင်းစုံ သပိတ်စတဲ့ သပိတ်စစ်ကြောင်းမျိုးစုံကိုလည်း လှုပ်ရှားခဲ့ကြပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့ မေလ(၅) ရက်နေ့မှာလည်း လူငယ်တွေဦးဆောင်ကာ " ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်သပိတ်" ကို လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။ မိမိတို့ခံစားချက်တွေကို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ အားမာန်အပြည့်ကြွေးကြော်ရင်း ရန်ကုန်-အင်းစိန် လမ်းမ​ပေါ်တွင် ချီတက်လှုပ်ရှားခဲ့ကြတယ်လို့လည်းသိရပါတယ်။လူငယ်တွေရဲ့ ဇွဲ သတ္တိ တွေကတော့ လေးစားစရာကောင်းလွန်းပါတယ်နော်။ပရိသတ်ကြီးအတွက် လှိုင်ကလူငယ်တွေရဲ့ သပိတ်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T