ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည် လျှောက်လှမ်းနေတဲ့ မင်းသားချောနေဒွေးကတော့ လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

နေဒွေးကတော့ ပြီးခဲ့တဲ့လပိုင်းတွေကလည်း လိုအပ်နေတဲ့ ပြည်သူတွေအပြင် အခက်အခဲဖြစ်နေကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကိုလည်း တတ်နိုင်သလောက် ဂါဝရပြုကာ ဖေးမကူညီမှုတွေနဲ့ လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

နေဒွေးကတော့ ဒီကနေ့ မေလ(၅)ရက်နေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေ ပေးဝေလှူဒါန်းခဲ့ပြန်တာလည်း တွေ့ရပါတယ်.။

ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်မှာ နေထိုင်နေကြတဲ့ သက်ကြီးရွယ်အိုဖိုးဖွားတွေဆီ ကိုယ်တိုင်သွားရောက်ပြီး ဆန်၊ ဆီ စားသောက်ကုန်တွေအပြင် လိုအပ်တဲ့နေရာမှာအသုံးပြုနိုင်ဖို့အတွက် အလှူငွေတွေလည်း လှူဒါန်းပြီး ဂါဝရပြုကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"ဤနေ့ကုသိုလ်🙏🏼🙏🏼🙏🏼

ဒဂုံဆိပ်ကမ်း ၆၀ရပ်ကွက်တွင် နေထိုင်သော စားဝတ်နေရေး ခက်ခဲနေသော သက်ကြီးရွယ်အိုအဖိုးအဖွားများ အတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ဆီ အလှုငွေများ လှုဒါန်းခဲ့ပါသည်🥰 ပူပေါင်းပါဝင် လှုဒါန်းသူများကိုလည်း ကျေးဇူးအထူးပါ❤️

JITTOO🦁.." ဆိုပြီး အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေတဲ့ နေဒွေးရဲ့ အလှူတွေကိုလည်း ပရိသတ်တွေအားလုံးက လည်း သာဓုခေါ် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

သတင်းအရင်းမြစ်: Nay Dway's Fb Acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။