သရုပ်ဆောင်နေဒွေးကတော့ အနုပညာလှုပ်ရှားမှုတွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။နောက်ပိုင်းတွင် ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်လက် ဆိုလည်း မမှားပါဘူးနော်....။မိဘကို လုပ်ကိုင် ကျွေးမွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ် အကိုင်မဆို အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

Photo Credit-Nay Dway FB Account
Photo Credit-Nay Dway FB Account

ယခုလို နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ​မှာ ပြည်သူတွေနဲ့ တစ်သားတည်း ပူးပေါင်းပါဝင် လှုပ်ရှားသလို လိုအပ်နေတဲ့ နေရာတွေကို ကိုယ်တိုင် သွား ရောက်ကာ ကုသိုလ်ပြု လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။ဒီကနေ့ နေ့လည်အချိန်မှာဆိုရင်လည်း စားဝတ်နေရေး အဆင်မပြေတဲ့ သက်ကြီးရွယ်အို အဖိုးအဘွားများ အတွက်ဆန်၊ဆီ၊အလှူငွေများကို လှူဒါန်းပေးနေတာကိုလည်း ကြည်နူးစရာ မြင်တွေ့ရပါတယ်။

Photo Credit-Nay Dway FB Account
Photo Credit-Nay Dway FB Account

ဒါ့အပြင် မကြာသေးခင် နာရီပိုင်းလောက်က နေဒွေးရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အနုပညာလောကမှ ဦးဇော်ဦး အတွက် အလှူငွေနဲ့ ဆန်ကို ထပ်မံလှူဒါန်းခဲ့ကြောင်းကို "ကိုယ့်အနုပညာလောကသားတွေအတွက်လဲပြန်ကြည့်ပေးရတယ်🥰အဖေကြီး ဦးဇော်ဦး အတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့်ရွှေဆန် တအိတ်စီ နှင့် အလှုငွေ လှုဒါန်း🙏🏼🙏🏼🙏🏼"ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။အနုပညာရှင်မောင်နှမတွေနဲ့ ပရိသတ်တွေကလည်း သူရဲ့အလှူကို သာဓုခေါ်ထားကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit-Nay Dway FB Account
Photo Credit-Nay Dway FB Account

သတင်းအရင်းမြစ်: Nay Dway FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။