သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်လင်မယားအတွက် လစဉ်ထောက်ပံ့ရင်း စိတ်မကောင်းစရာတွေကို ပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/4b/4b0cfa7bfabc4e149c6edf8f069f2097d11abe87.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝသိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တွေကလည်း အပါအဝင်ပါပဲ..။

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးသီတာကတော့ လက်ရှိအခြေအနေတွေကြောင့် အနုပညာအလုပ်တွေနည်းပါးနေသလို စားဝတ်နေရေးအတွက် ဈေးရောင်းနေကာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပြလာပါတယ်..။

Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc

အေးသီတာကတော့ ငယ်စဉ်ကတည်းက သူမကို သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်လင်မယားအတွက် လစဉ်ထောက်ပံ့ရင်းစိတ်မကောင်းစရာအကြောင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။

အားကိုးစရာမရှိတဲ့ အဒေါ်တို့အတွက် လစဉ်ထောက်ပံ့ရင်း ကိုဗစ်ကာလအထိ ထောက်ပံ့ဖို့အဆင်ပြေပေမယ့် အခုလတွေမှာ ဝင်ငွေမရှိတာကြောင့် တော်တော်အခက်အခဲဖြစ်နေရပြီး လကုန်မှာတောင်ကြောက်နေရတဲ့အကြောင်းတွေကို စိတ်မကောင်းစွာ ပြောပြထားတာပါ..။

Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc

"ကျွန်မမှာလတိုင်းထောက်ပံ့ပေးနေရတဲ့အဒေါ်လင်မယားရှိတယ် သားသမီးမရှိဘူး

ငယ်ငယ်ထဲက ကိုယ့်ကိုသမီးအရင်းလို စောင့်ရှောက်လာတယ် ခုကိုဗစ်ကာလထိ ထောက်ပံ့ဖို့ အဆင်ပြေတယ် ဒီဘက်လတွေကျတော့ ဘာဝင်ငွေမှမရှိတော့တော်တော်ခက်ခဲတယ် အမှန်အတိုင်းပြောရရင် လကုန်မှာ ကြောက်လာတယ်

ဒါပေမယ့် သူတို့မှာ အားကိုးရာမရှိ သူတို့ကံပါပဲ သူတို့အတွက် ပိုက်ဆံလေးရလာတော့ ချက်ချင်းလွှဲပေးလိုက်တော့ အေးပါ သမီးလေး အဆင်မပြေလည်း မပေးပါနဲ့တဲ့ဒေါ်ကြီးအဆင်ပြေသလိုရှိတာနဲ့ စားပါ့မယ်တဲ့

ဒေါ်ကြီးရယ်လို့ဆို​ပြီး ကိုယ်ဘာမှဆက်မပြောနိုင်????.. " ဆိုပြီး ရေးသားပြောပြထားတာပါ..။

​အခက်အခဲတွေရှိနေပေမယ့်လည်း ကျေးဇူးသိတတ်တဲ့ အေးသီတာရဲ့ သိတတ်မှုတွေကို ပရိသတ်တွေအားလုံးကလည်း ချီးကျူးရင်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Aye Thida's Fb Acc
Photo Credit - Aye Thida's Fb Acc

သတင်း အရင်းအမြစ်Aye Thida's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T