ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ ပြန်လိုချင်တဲ့အတွက် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်း ပြောပြလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/11/11e1ac7a30aa0a42a208fdcb44270acabbacf963.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဗီဒီယိုဇာတ်ကားတွေမှာ ကျရာနေရာကနေ  ပီပြင်စွာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင်  နွယ်ဒါလီထွန်းပဲ  ဖြစ်ပါတယ်။  သူမကတော့  ဖေဖော်ဝါရီလအစကတည်းကနေ  ယနေ့ချိန်အထိ  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း  ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေသူဖြစ်တာကြောင့်  အားလုံးက  ဝမ်းသာဂုဏ်ယူ နေကြတာ ဖြစ်ပါတယ်။

Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 

အခုလို လှုပ်ရှားမှုများတွင်  ပါဝင်ခဲ့တာကြောင့်  နွယ်ဒါလီထွန်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။သို့ပေမယ့်လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  လက်ရှိဖြစ်နေတဲ့အရာတွေကို Speak Out လုပ်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက်ဆုံးရှုံးနေတဲ့အခွင့်အရေးတွေ ပြန်လိုချင်တာကြောင့် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 

သူမကလည်း " ဟဲ့ နင်ကအနုပညာသမား နိုင်ငံရေးသမားမဟုတ်ဘူးတဲ့ အနုပညာသမားဆိုတာဟိုဘက်ဒီဘက်ပရိတ်သတ်ရှိတဲ့သူမို့ဘယ်ဘက်မှမပါဘဲကြားနေတာအကောင်းဆုံးပါတဲ့ပရိတ်သတ်မလျော့ဘူးပေါ့တဲ့

ကျွန်မဒီတော်လှန်ရေးမှာပါဝင်ခဲ့တာအနုပညာသမားတစ်ယောက်မို့ SP ကြောက်လို့ပြည်သူနဲ့အတူရပ်တည်ခဲ့တာမဟုတ်ပါဘူးရှင် ပြည်သူထဲကပြည်သူတစ်ယောက်မို့ကျွန်မတို့အနေနဲ့ဆုံးရှုံးနေရတဲ့အခွင့်ရေးတွေပြန်လိုချင်လို့ပါအဲ့အခွင့်ရေးတွေကတော်ကြာနေပိတ်လိုက်ပြီးရင်ပြန်ပေးလိုက်နဲ့လုပ်နေတဲ့ internet ပုံမှန်ပြန်ရရေးတို့ ထုတ်ချင်တိုင်းထုတ်နေတဲ့ martial law ကိုဖြေလျှော့ရေးတို့အတွက်မဟုတ်ပါဘူး ကျွန်မတို့ကိုယ်တိုင်ဆန္ဒနဲ့မဲပေးခဲ့တဲ့NLD အစိုးရနဲ့  မြန်မာ့ Democracy ဖော်ဆောင်ပေးခဲ့တဲ့မိခင်ဒေါ်အောင်ဆန်းစုကြည်ကိုမတရားစွဲချက်တွေနဲ့တရားစွဲဆိုဖမ်းဆီးချုပ်နှောင်ထားခြင်းကိုပြန်လွှတ်ပေးရန်အတွက်ပါ။ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ယုံကြည်ခြင်းအပြည့်နဲ့ ဒီမိုကရေစီရရှိအောင် တတ်နိုင်တဲ့ဘက်ကနေ  ပါဝင်ဆောင်ရွက်ပေးနေတဲ့ နွယ်ဒါလီထွန်းရဲ့စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။ ဒီကာလမှာ ဘေးအန္တရာယ် ကင်းဝေးပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nwe Darli Tun’s Facebook Account 

Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Photo Crd-Nwe Darli Tun’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T