စစ်ကျွန်ပညာရေး အလိုမရှိကြောင်းကို သရုပ်ဖော်ပြသရင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဖားကန့်က လူငယ်များ

//s9.kh1.co/0a/0a048846dac98f15f472f6ab64556b724f3612ec.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.......

ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးကတော့ အချိန်သုံးလအတွင်းမှာ အသက်ပေးသွားကြသူတွေလည်းများပြားခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်းထောင်ချီရှိခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ အင်တိုက်အားတိုက် ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း အခက်အခဲတွေကို ရင်ဆိုင်ကာ ယုံကြည်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေကြရတာပါ။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

နေ့စဉ်တိုင်း မရိုးနိုင်တဲ့ လှုပ်ရှားမှုမျိုးစုံကို နေရာအနှံ့အပြားမှာ ပြုလုပ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ်။ဒီရက်ပိုင်း မြို့ကြီးတွေမှာဆိုရင်လည်း သပိတ်စစ်ကြောင်းတွေကို အားအင်အပြည့်နဲ့ မြို့နယ်အသီးသီးမှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။ ခုဆိုရင် ကျောင်းဖွင့်ရာသီကိုရောက်ရှိလာပြီဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေအများစုက ခုလိုကာလမှာ ကျောင်းမတက်ရောက်နိုင်ကြောင်း စစ်ကျွန်ပညာအလိုမရှိ သပိတ်တွေကိုလည်း လှုပ်ရှားလျက်ရှိပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

မေလ (၅) ရက်နေ့မှာဆိုရင်လည်း ဖားကန့်က ကျောင်းသူကျောင်းသာတွေစုပေါင်းပြီး ရင်ထဲကဆန္ဒတွေကို ဖန်တီး သရုပ်ဖော်ရင်း စစ်ကျွန်ပညာရေး အလိုမရှိသပိတ်ကို လှုပ်ရှားခဲ့ကြပါတယ်။ ဒါ့အပြင် လူငယ်တွေကိုယ်စီဆိုင်းဘုတ်များကိုင်ဆောင်ကာ လမ်းလျှောက်သပိတ်ကိုလည်း အင်အားများစွာနဲ့ချီတက်လှုပ်ရှားခဲ့တယ်လို့လည်းသိရပါတယ်။လူငယ်တွေကတော့ ရရာနေရာတွေကနေပါဝင်လှုပ်ရှားနေကြတာ လေးစားစရာပါပဲ။ပရိသတ်ကြီးအတွက် ဖားကန့်က လူငယ်တွေရဲ့ သပိတ်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T