ချို့တဲ့လွန်းတဲ့ဘဝတွေကြောင့် ကလေးတစ်ယောက်ရဲ့ အသက်ကို အချိန်မီ မကယ်တင်လိုက်နိုင်လို့ ယူကျုံးမရဖြစ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/c6/c6b0df20dc68d69934f666259e344eca5df2eabd.png
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက တောင်ဥက္ကလာ ကျောက်ခွဲစက် ကျူးမိသားစုတွေအတွက် နေအိမ်အမိုးအကားတွေကို ပြန်လည်ပြုပြင်ပေးနေရင်း ပလုံကောက်တဲ့ မိသားစုလေးရဲ့အိမ်ကို ပြန်ပြင်ပေးတဲ့အကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းက ပြောပြလာခဲ့ပါသေးတယ်။ မွေးချင်း (၇) ယောက်ရှိတဲ့အထဲက အငယ်ဆုံးအမွှာသမီးလေးက အနာပေါက်ရာကပိုးဝင်နေတာကြောင့် ဆေးရုံတင်ပြီးကုသပေးခဲ့ပါသေးတယ်။ နောက်ထပ် (၂) ရက်အကြာမှာ ကလေးအသည်းအသန် ဖြစ်တာကြောင့် ဆေးရုံထပ်ပို့ပေးခဲ့ပေမယ့် ကလေးရဲ့အသက်ကို အချိန်မီမကယ်တင်နိုင်ခဲ့ပါဘူး။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

ချို့တဲ့လွန်းတဲ့ဘဝတွေမှာ အသက်ကိုတောင်အချိန်မီကယ်တင်နိုင်စွမ်းမရှိတာတော့ ရင်နာစရာကောင်းလွန်း ပါတယ်။ ကလေးမဆုံးပါးခင်ကရိုက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို " ဒီကလေးလေး ဆုံးသွားရှာပြီ။ တောင်ဥက္ကလာ ကျူးကပါ မောင်နှမ (၇) ယောက်ထဲက အငယ်ဆုံး အမွှာထဲက တစ်ယောက်ပေါ့။ သားသမီးကများ အလုပ်အကိုင်ကပလုံကောက် မိသားစု ၊ဝါးအိမ်လေး အသစ်ပြန်ဆောက်ထားပေမယ့် အမိုးအကာအပြီးထိမလုပ်နိုင်သေး။ ကိုယ်တွေအဖွဲ့သွားမိုးကာပေးတော့ အနာပေါက်နေမှန်းသိတော့ ကလေးကို ဆေးရုံပို့ပေးခဲ့တယ်။ "

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

" (၂) ရက်ပဲအကြာ ကလေးအသည်းအသန်ဖြစ်လို့ မနက်စောစော ဆေးရုံနောက်တစ်ခေါက် ထပ်ပို့ပေးခဲ့တယ်။ ဆေးရုံမှာကလေးဆုံးရှာတယ်။ အနာတွေကပိုးဝင်ပြီး နောက်ကျသွားတာပါ။ ပထမ ဆန်၊ဆီ လှူပေးတုန်းကတောင် ချီပိုးခဲ့သေးတယ်။ အခုတော့ ငယ်ငယ်နဲ့ပဲ လောကကြီးကို စွန့်ခွာသွားရှာတယ်။ အခုတော့ အိမ်လေးပြီးသွားလို့ မိသားစုတွေ မပျော်နိုင်တော့ဘူးလေ။ ဆင်းရဲခြင်း၊ဗဟုသုတနည်းပါးခြင်းတွေရဲ့ အကျိုးဆက်တွေပေါ့။ ကောင်းရာသုဂတိလားပါစေ လို့ပဲ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ။ နောင်ဘဝတွေမှာ အသက်ရှည် ကျမ်းမာပါစေ ကွယ်။ " ဆိုပြီး ဝေဠုကျော်ဖောင်ဒေးရှင်းက ဝေမျှပေးခဲ့ပါတယ်။ ရောက်လေရာဘဝတိုင်းမှာ အနာရောဂါကင်းပြီး ကျန်းမာသက်ရှည်ပါစေကလေးရေ။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T