တောင်ဥက္ကလာက ကျူးအိမ်လေးတွေ ပြုပြင်ဆောက်လုပ်ပေးဖို့အတွက် အလှူခံတိုက်တွန်းလာတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/ca/caa54ae09f8bb62f5f772cd77bf85145d676fc2a.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်ကာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး လိုအပ်နေသူတွေအတွက် အမြဲဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကိုတော့ ပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်..။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းသလို ယိုင်လဲပြိုကျနေတဲ့ ကျူးအိမ်တွေကိုလည်း ပြုလုပ်တည်ဆောက်ပေးနေတာ မကြာခဏဆိုသလို တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ခက်ခဲပြီးလိုအပ်နေသူတွေအတွက် ဖေးမကူညီနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း တောင်ဥက္ကလာက ကျူးအိမ်လေးတွေ ပြုပြင်ဆောက်လုပ်ပေးဖို့ အလှူငွေတွေ ကောက်ခံတိုက်တွန်းလာပါတယ်..။

တောင်ဥက္ကလာက ပလုံကောက်မိသားစု ကျူးအိမ်လေးတွေကို အမိုးမိုးပေးဖို့ စီစဉ်နေရင်း ပြိုကျသွားတဲ့ မိသားစုအိမ်လေးအတွက် အသစ်ပြန်လည်တည်ဆောက်ပေးဖို့ အလှူရှင်တွေဆီမှာ အလှူငွေ တောင်းခံတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

"6-5-2021

အလှူခံပါ

တောင်ဥက္ကလာ က ပလုံကောက်မိသားစု ကျူးအိမ်လေးတွေ ပြင်ဆင် ဆောက်လုပ်ပေးနေတာလည်း အလှူရှင်များသိပြီး ဖြစ်မှာပါ။

အလှူရတာနဲ့ ချိန်ပြီး ပြုပြင်သင့်တာပြုပြု နေလို့မရတော့တဲ့အိမ်မှ အသစ်ပြန်ဆောက်ပေးနိုင်ပေမယ့် မနေ့က အမိုးလိုအပ်လို့ အမိုးမိုးပေးဖို့ စီစဥ်တုန်း အိမ်ကဟောင်းဆွေးနေတော့ ပြိုကျသွားပါတယ်။

အသစ် နောက်ထပ်ဆောက်ပေးဖို့ ဖြစ်လာပြန်ပါတယ်။

ဒီရပ်ကွက်လေးထဲ ပြိုကျအိမ် ၃လုံး

အကုန်နီးနီး ပြန်ဆောက်ပေးရတာက အိမ် ၃လုံး

အမိုးအကာ အခင်း အကြီးစား ပြုပြင်လိုအပ်တာက ၃အိမ်

ပြုပြင်ဆောက်လုပ်ပေးနေပေမယ့် အခု အသစ်တစ်လုံး ထပ်ဆောက်ဖို့ ဖြစ်လာပြန်ပါပြီ။

ဒီအသစ်ဆောက်ပေးရမယ့် အိမ်လေးအတွက် ဝိုင်းဝန်း လှူပေးကြပါအုံးရှင့်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)'(U Soe Thein)

09455500014

09776089484(Wave).." ဆိုပြီး ပြောပြတိုက်တွန်းထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ပြည်သူတွေအတွက် အလှူရှင်တွေဆီမှာ အလှူခံထားတဲ့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ပါဝင်လှူဒါန်းကြမယ့်အကြောင်းတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation 's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T