အခြေအနေတွေကြောင့် အိမ်နဲ့ဝေးရာမှာ ခေတ္တတိမ်းရှောင်နေရပြီး မိသားစုကို လွမ်းနေကြောင်း ရင်ဖွင့်လာတဲ့ ရတနာဗိုလ်

//s9.kh1.co/87/87bde9aebb2f12dc2cd13043f3b3457bff778cc8.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်သံဇာတ်လမ်းတွဲများတွင်  ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့်  ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင်  ရတနာဗိုလ်ပဲ  ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထူလှုပ်ရှားမှုတွေမှာ ကျရာအခန်းကဏ္ဍကနေ  ပါဝင်ခဲ့သူ  တစ်ဦးလည်း  ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ  ဆန္ဒဖော်ထုတ်ခဲ့ရုံသာမကဘဲ လိုအပ်တဲ့နေရာတွေကိုလည်း  အလှူအတန်းတွေ ပြုလုပ်ခဲ့သူလည်း  ဖြစ်ပါတယ်။

Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 

လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ရတနာဗိုလ်ကိုတော့ လက်ရှိမှာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာလည်း  ဖြစ်ပါတယ်။ အခုလိုတရားစွဲဆိုခံထားရတာကြောင့်  ရတနာဗိုလ်တစ်ယောက်  ဘေးကင်းရာသို့ခေတ္တခဏတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။  ပရိသတ်တွေကတော့ သူမရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရတနာဗိုလ်ရဲ့ Facebook Story တွင် လက်ရှိခံစားနေရတာတွေကိုပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 

သူမကတော့  အခြေအနေတွေကြောင့် အိမ်နဲ့ဝေးရာမှာ ခေတ္တတိမ်းရှောင်နေရပြီး မိသားစုကို လွမ်းနေကြောင်းရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ " အိမ်ကိုပစ်ပြီး ပြေးရ မိဝေးဖဝေးနေရ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်း မအိပ်ရ၊ အဆက်ပြေအောင် ဖြစ်သလိုနေရ၊ သောကစိတ်တွေနဲ့ ရှေ့ဆက်လျှောက်နေရလည်း ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းများရဲ့ဘဝတွေ၊ ပြည်သူ့ဝန်ထမ်းသူရဲကောင်းတွေနဲ့ယှဉ်ရင် စာမဖွဲ့လောက်ပါဘူး။ ဒါပေမယ့်မိသားစုကို လွမ်းတယ် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတဲ့ အနုပညာရှင်တစ်ချို့ဟာလည်း  မိသားစုတွေနဲ့ ခွဲခွာကာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာပါ။ အရေးတော်ပုံကြီးအောင်မြင်ပြီး ခွဲခွာနေရတဲ့မိသားစုတွေ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Yadanar Bo’s Facebook Account 

Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Photo Crd-Yadanar Bo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T