ကြည်မြင့်တိုင်နဲ့ စမ်းချောင်းပူးပေါင်းကာ ရန်ကုန်မြို့ ဘုရင့်နောင် လမ်းမကြီးပေါ်မှာ ရဲစွမ်းသတ္တိအပြည့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ GZ များ

//s9.kh1.co/f1/f19dbb2e77b2547f585ae7d2a09c78fd72a0df61.jpg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာပေမယ့်လည်း ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ နေ့စဉ်မပြတ်ဆောင်ရွက် နေကြတုန်း ဖြစ်ပါတယ်။မြို့နယ် နေရာအသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေကလည်း စည်လုံးညီညွှတ်စွာနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း အတူလက်တွဲကာ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် ရှေ့ဆက်ချီတက်နေကြတာ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒီရက်ပိုင်းမှာဆိုရင် နွေဦးတော်လှန်ရေးက ပိုမို အားကောင်းလာတာ ဖြစ်ပြီး ပြည်သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လမ်းမပေါ်ထွက်ရင် အန္တရာယ်များမှန်း သိပေမယ့်လည်း ဒီကနေ့ မနက်ပိုင်း ကြည်မြင့်တိုင် အထွေထွေ သပိတ်စစ်ကြောင်းနဲ့ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း GZ တို့ ၂ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဘုရင့်နောင် လမ်းမကြီးပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို အောင်မြင်စွာ ဆန္ဒထုတ်ဖော် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ပြည်သူလူထုကလည်း တက်တက်ကြွကြွနဲ့ နေ့မနား၊ညမနား လှုပ်ရှားနေကြတာကို အားရစရာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ယခုလို ကာလမှာ ပြည်သူအချင်းချင်းက ရိုင်းပင်းကူညီကြပြီး အခက်အခဲ ဖြစ်နေတဲ့ သူတွေကိုလည်း တက်နိုင်သလောက် သွားရောက် လှူဒါန်းကာ မျှဝေခံစားပေး နေကြတာ ဖြစ်ပါတယ်။လပေါင်း ၃လကျော် ကြာမြင့်သွားပြီ ဖြစ်တဲ့ လက်ရှိအခြေအနေတွေကို ပြည်သူလူထုက အားမလျော့ပဲ ဆက်လက် ကြိုးစားလုပ်ဆောင်နေတဲ့ ပုံရိပ်တွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T