အသက်အရွယ်ကြီးရင့်နေပေမယ့် ဝမ်းရေးအတွက် ဆေးအမြစ်စုံလေးတွေရောင်းပြီး လုပ်ကိုင်စားသောက်နေတဲ့ဘဘတစ်ဦး

//s9.kh1.co/51/51a49c117dfa87300b352dfe83da18f795a36c87.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်အရွယ်ကြီးရင့်နေပေမယ့် ဝမ်းရေးအတွက် ဆေးအမြစ်စုံလေးတွေရောင်းပြီး လုပ်ကိုင်စားသောက်နေတဲ့ဘဘတစ်ဦး

အခုကာလမှာဆိုရင် ပြည်သူလူထုက တစ်ယောက်အပေါ်တစ်ယောက် အမြတ်မထုတ်ကြဘဲ လူသားချင်းစာနာထောက်ထားပေးတတ်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ခက်ခဲကြပ်တည်းမှုများစွာနဲ့ရင်ဆိုင်နေရတဲ့ဒီအခြေအနေကို အားလုံးအတူတူရုန်းကန်ကြရင်း ကြိုးစားကျော်ဖြတ်နေကြတာဖြစ်ပါတယ်။တချို့လက်လုပ်လက်စားပြည်သူတွေဆိုရင်လည်း စားဝတ်နေရေးခက်ခဲနေတာတောင် ဘယ်သူ့ကိုမှအပူမပေးဘဲ ရိုးရိုးသားသားရှာဖွေစားသောက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့သက်ကြီးရွယ်အို အဘိုး၊အဘွားတွေဆိုရင် စီးပွါးရှာရခက်ခဲနေတဲ့ ဒီအချိန်မှာ လမ်းပေါ်ထွက်ပြီး ကိုယ့်ဝမ်းစာအတွက်လုပ်ကိုင်နေရတာဖြစ်ပါတယ်။ပြည်သူတွေကလည်း သွားရင်းလာရင်း စျေးရောင်းနေတဲ့ အဘိုး၊အဘွားတွေကိုတွေ့တဲ့အခါ စေတနာအပြည့်နဲ့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိန်းကလေးတစ်ဦးက လမ်းပေါ်မှာ ဆေးအမြစ်စုံလေးတွေထိုင်ရောင်းနေတဲ့ဘဘကိုတွေ့မြင်တာကြောင့် မိခင်ဖြစ်သူကို တတ်နိုင်သလောက်ဝယ်ခိုင်းခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်မိန်းကလေးကတော့ ဘဘရဲ့အကြောင်းကို ဘာမှမမေးတော့ဘဲ ဓာတ်ပုံလေးသာရိုက်လာပြီး တခြားသူတွေကူညီလို့ရအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာတာဖြစ်ပါတယ်။ဘဘက လသာလမ်းထိပ်၊Summit Plastic ဆိုင်ရှေ့၊အမိုးဂုံးကြီးအောက်မှာ ထိုင်ရောင်းနေတာဖြစ်ပါတယ်။ဘဘခမျာ အသက်ကြီးနေပေမယ့်ကိုယ့်အားကိုယ်ကိုးနေတာဖြစ်လို့ ပြည်သူတွေလည်း ကြုံရင်အားပေးဝယ်ယူလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါရစေ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T