အလောင်းတောင်ပြန်မရလို့ အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတဲ့ သူရဲကောင်းတချို့ရဲ့အုတ်ဂူလေးများ

//s9.kh1.co/b6/b6ec5615399c24cd5629c289edcebe5d96764780.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အလောင်းတောင်ပြန်မရလို့ အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတဲ့ သူရဲကောင်းတချို့ရဲ့အုတ်ဂူလေးများ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူငယ်တွေနဲ့လူလတ်ပိုင်းအရွယ်တွေကပဲ သတ္တိအပြည့်နဲ့ရှေ့ဆုံးကနေဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ပေးဆပ်မှုတွေကို ပြည်သူလူထုက အမြဲအောက်မေ့သတိရနေကြတာဖြစ်ပါတယ်။ဒီနေ့အချိန်ထိဆိုရင် ကျဆုံးသူရဲကောင်း(၇၀၀) ကျော်ရှိနေပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုတွေခမျာမိမိတို့အိမ်မှာလူမစုံတော့တာကြောင့် နေ့တိုင်း ဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ အုတ်ဂူတွေကိုလည်း သေသေချာချာလုပ်ပေးထားကြတာဖြစ်ပါတယ်။တချို့အုတ်ဂူလေးတွေဆိုရင် အလောင်းပြန်မရတာကြောင့် အရိုးပြာအိုးမပါဘဲ အဝတ်အစားလေးတွေသာထည့်မြုပ်ထားရတယ်လို့သိရပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ မိမိတို့ရဲ့သွေးသားရင်းခြာကိုလည်း ဆုံးရှုံးလိုက်ရတဲ့အပြင် နောက်ဆုံးအနေနဲ့ ကြွင်းကျန်ရစ်တဲ့ခန္ဓာကိုယ်တောင်ပြန်မရလို့ နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နောင်ဆိုရင် သမိုင်းဝင်ကျန်ရစ်နေမယ့် သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို ပန်းရံဆရာက ဆင်တူလေးတွေဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို တွေ့မြင်ပြီးကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကို ကိုယ်ချင်းစာနာပေးနေကြတာဖြစ်ပါတယ်။မိမိရဲ့အသက်ကိုတောင်စွန့်လွှတ်ပြီးအများအကျိုးအတွက် ရဲရင့်စွာပါဝင်ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းတွေရဲ့အုတ်ဂူလေးတွေကို  ဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T