ဒီကာလအတွင်းမှာတော့ သာမန်လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် အရင်ကထက်ပိုပြီး ကြိုးစားရှင်သန်နေရတာပဲ ဖြစ်ပါတယ် ။ အလှူရှင်တွေကလည်း သူတို့ကို ဖေးမကူညီပြီး တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင်တစ်ဦးက အလှူသွားလုပ်ရင်းနဲ့ သူတွေ့ခဲ့ရတဲ့ အမေကြီးတစ်ယောက်ရဲ့အကြောင်းကို အားလုံးသိအောင် ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc

အမေကြီးရဲ့နာမည်က ဒေါ်ခင်စိန်ဖြစ်ပြီး အသက် (၉၀) ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ အမေကြီးမှာတော့ သားသမီး (၃) ယောက်ရှိပေမယ့်လည်း သားတစ်ယောက်၊ သမီးတစ်ယောက်က စိတ်မနှံ့ရှာတာပဲ ဖြစ်ပါတယ် ။ အမေကြီးရဲ့သားကစိတ်မနှံ့တဲ့ဝေဒနာရှင်တစ်ဦးဖြစ်တဲ့အပြင် လက်မှာလည်း အသားဘုလုံးကြီးတစ်ခုရှိနေပြီး ခွဲစိတ်ဖို့ မပြေလည်တာကြောင့် ဒီတိုင်းပဲနေနေရတာ ဖြစ်ပါတယ် ။ အမေကြီးတို့နေထိုင်တဲ့အိမ်ကလည်း ရေမြောင်းပတ်ချာလည်ရှိပြီး ခြင်တွေပေါကာ လူတစ်ယောက်အိပ်စာ နေရာတစ်ခုသာရှိတာပဲ ဖြစ်ပါတယ် ။

Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc

အမေကြီးတို့မိသားစုကို သွားရောက်လှူဒါန်းခဲ့တဲ့ စေတနာရှင်တွေကလည်း ခက်ခဲလှတဲ့သူတို့ရဲ့ဘဝကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ထပ်မံကူညီပေးဖို့ စီစဥ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် အမေကြီးတို့မိသားစုကို ကူညီဖို့အတွက် စေတနာရှိသလောက် လှူဒါန်းပေးနိုင်ကြောင်း သူတို့က တောင်းဆိုထားတာ ဖြစ်ပါတယ် ။ အမေကြီးက နေ့လည် (၂)နာရီနောက်ပိုင်းဆိုရင် စစ်ကိုင်းတံတားအဆင်း မီးပွိုင့်နားမှာရှိနေတတ်တာကြောင့် ကိုယ်တိုင်လှူချင်တဲ့သူတွေလည်း သွားရောက်တွေ့ဆုံနိုင်တာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေလည်း အမေကြီးတို့မိသားစုကို ကူညီလို့ရအောင် ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Hsu Shweyi Aung San's FB Acc

Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc
Photo Credit-Hsu Shweyi Aung San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။