အရာအားလုံး ပုံမှန်လည်ပတ်အောင် လုပ်ယူနေကြတာကြောင့် အကွက်ထဲရောက်မသွားဖို့ အရေးကြီးကြောင်း ပြောလာတဲ့ သာထက်ဉာဏ်ဇော်

//s9.kh1.co/94/940c19c7d6099a5b77cbe6bca02cfef9bc159fe5.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးရင်း အနုပညာလောကမှာ နေရာတစ်နေရာ သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင် သာထက်ဉာဏ်ဇော်ပဲ  ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင် ပီပြင်ကောင်းမွန်မှုတို့ကြောင့်  ပရိသတ်တွေက တစ်ခဲနက် အားပေးနေကြတာလည်း  ဖြစ်ပါတယ်။ ဒါ့အပြင်  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ  အခိုင်အမာရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း  ဖြစ်ပါတယ်။

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 

ဒါ့အပြင်  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်   ပြည်သူတွေများစွာ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။  သာထက်ဉာဏ်ဇော်ကတော့ ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးများဖြင့် အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို အမြဲရေးသား ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 

မနေ့ကတော့ တက္ကသိုလ် စတုတ္ထနှစ်နဲ့ မဟာတန်းများ ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။ ပြည်သူများကလည်း  ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် ကျောင်းမတက်ကြဖို့ Campaign တွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ မနေ့ညကလည်း သာထက်ဉာဏ်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခြားအရာများအားလုံး ပုံမှန်လည်ပတ်အောင် လုပ်ယူနေကြတာကြောင့် အကွက်ထဲရောက်မသွားဖို့ အရေးကြီးကြောင်းပြောပြလာတာ ဖြစ်ပါတယ်။ သူကလည်း " ကျောင်းတွေပြန်ဖွင့်ကြမယ့် ကိစ္စတွေ ၊ တခြားသော အရာတွေ အားလုံးပုံမှန်ပြန်လည်ပတ်လာအောင် အတင်းကြီး လုပ်ယူနေကြတဲ့ အာဏာရူး တစ်စုရဲ့ အကွက်ထဲကို ရောက်မသွားဖို့အရေးကြီးပါတယ် 

ကျွန်တော်တို့တွေ အများကြီးလျှောက်လှမ်းခဲ့ကြပြီးပြီ

ကျွန်တော်တို့ရဲ့ အရှေ့မှာ အသက်ပေးလိုက်ရသော 

သူရဲကောင်းတွေ ၊ CDMကို အသေအလဲ တောင့်ခံ‌နေရသော အနယ်နယ်အရပ်ရပ်က သူတော်ကောင်းတွေ ၊ ထောင်ထဲမှာ

အရာအားလုံးရင်းပြီး ပေးဆပ်နေသော နိုင်ငံရဲ့ အဖိုးတန်သော သူတွေအားလုံးကို အားနာပေးကြပါ။

ကျောင်းတွေကို အတင်းကြီး လုပ်ယူပြီး တက်ခိုင်းမယ့်ကိစ္စဟာ မိဘနဲ့ ကလေးတွေကို

အနည်းနဲ့အများ မိသားစုတိုင်း ပြဿနာဖြစ်ကြမယ့် ကိစ္စပါ ဒါပေမယ့် ကျွန်တော်တို့ ကျော်ကိုကျော်လွှားနိုင်ရမယ်။

ဘေးကြပ်နံကြပ်နဲ့ ဒီလိုတွေခက်ခဲရင်ဆိုင် ပေးဆပ်နေရတာကိုက " နိုင်ငံရေးပါ " ။

အတန်းတွေတစ်တန်းပြီး တစ်တန်းတက် ဂုဏ်ထူးတွေ ဘွဲ့တွေရတာ ပညာမဟုတ်ဘူး 

ပညာဆိုတာ အမှား အမှန် ကို ခွဲခြားသိမြင်ပြီး

အကောင်း အဆိုးကို ဆင်ခြင်သုံးသပ်နိုင်တာ 

" ပညာနော် " 

#FOR_DEMOCRACY 

#THNZLOVERS?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ ပုံမှန်အတိုင်းဖြစ်သေးတာမဟုတ်တာကြောင့် သွေးမအေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Thar Htet Nyan Zaw’s Facebook Account 

Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Photo Crd-Thar Htet Nyan Zaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T