အလုပ်တွေနားထားရပေမယ့် ခက်ခဲနေသူအတွက် ဆေးဖိုးလေးမရမကလှူဒါန်းပေးတဲ့ စူးရှထက်

//s9.kh1.co/8f/8fcee68f5f6a1eba6dbed5ed4d5401f7e0c6b4d0.jpeg
အနုပညာရှင်များ

 ၀၆-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

မလွယ်ဘူးထင်ရင် ကိုယ့်ထက်ပိုခက်တဲ့ဘဝတွေကို ကြည့်ပါဆိုတဲ့စကားအတိုင်း မော်ဒယ်စူးရှထက်ဟာ သူမကိုယ်တိုင် ဝင်ငွေမရှိတဲ့ကာလဖြစ်သည့်တိုင် ဆေးဖိုးလိုအပ်နေသူတစ်ယောက်အတွက် ငွေကျပ်ငါးသောင်း လှူဒါန်းပေးခဲ့ပါတယ်။ အမြဲတမ်း ကာလဒါနလေးတွေလုပ်တတ်သလို မိဘတွေကိုလည်း အနုပညာကြေးလေးနဲ့ ထောက်ပံ့ပေးတဲ့ သမီးလိမ္မာလေးပါ။ ဘုရားတရားလည်းကိုင်းရှိုင်းသလို အလှုအတန်းလည်းလက်မနှေးတတ်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်းပါဝင်ခဲ့သူမို့ ပရိသတ်တွေက အရင်ကထက် ပိုချစ်ပြီး ပိုအားပေးခဲ့ကြပါတယ်။

Photo Credit - Zar Chi's FB Acc
Photo Credit - Zar Chi's FB Acc

လက်ရှိလှူနေတာတွေဟာ ပိုလျှံနေလို့မဟုတ်ဘဲ ဒုက္ခရောက်နေသူတွေကိုမြင်ပြီး စာနာတဲ့စိတ်နဲ့လှူဒါန်းနေတာဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါသေးတယ်။ ကိုဗစ်ကာလတွေမှာ နိုင်သလောက်လှူဒါန်းသလို လက်ရှိအကျပ်အတည်းအချိန်တွေမှာလည်း ကိုယ်တတ်နိုင်တဲ့ဖက်က တတ်နိုင်သလောက်လေး အမြဲတမ်းလှူပေးခဲ့တဲ့စူးရဲ့ စိတ်စေတနာက တကယ်ကိုလေးစားစရာကောင်းလွန်းပါတယ်။ ငွေလိုလို့ စီးနေတဲ့ကားကိုတောင်ရောင်းပစ်ခဲ့ရပေမယ့် လှူနေတာတွေကိုတော့ ရပ်မသွားခဲ့ပါဘူး။

Photo Credit - Zar Chi's FB Acc
Photo Credit - Zar Chi's FB Acc

သူမရဲ့ဒါနလေးကို " ကိုယ်တတ်နိုင်တာလေးနဲ့ ဆေးဖိုးအလှူလေး??? " ဆိုပြီး လှူခဲ့တဲ့မှတ်တမ်းပုံလေးနဲ့ မြင်ရသူတွေမုဒိတာပွား သာဓုခေါ်နိုင်အောင် လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။ စေတနာထားပြီးအမြဲလှူပေးတဲ့စူးကို ချစ်ခင်တဲ့ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါတယ်။ အများကြီးလှူချင်တဲ့ဆန္ဒတွေပြည့်အောင် အလုပ်တွေအများကြီးပိုလုပ်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်စူးရေ။

Photo Credit - Zar Chi's FB Acc
Photo Credit - Zar Chi's FB Acc

သတင်း အရင်းအမြစ်Zar Chi's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T