အရမ်းအံ့အားသင့်စရာကောင်းလောက်အောင် မေလ(၆)ရက်နေ့မှာ တညီတညွတ်တည်းလမ်းပေါ်ထွက်လာကြတဲ့မန္တလေးမြို့ကလူအုပ်ကြီး

//s9.kh1.co/fb/fb690b30add4cf5dded1e15924e431be92ba05b3.jpeg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းအံ့အားသင့်စရာကောင်းလောက်အောင် မေလ(၆)ရက်နေ့မှာ တညီတညွတ်တည်းလမ်းပေါ်ထွက်လာကြတဲ့မန္တလေးမြို့ကလူအုပ်ကြီး

အခုရက်ပိုင်းတွေမှာဆိုရင် မြို့နယ်အစုံမှာနေထိုင်ကြတဲ့ ပြည်သူလူထုက လူထုလှုပ်ရှားမှုတွေကိုအင်တိုက်အားတိုက် ပြန်လည်လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။ပြည်သူတွေက ဖမ်းဆီးမှုတွေများပြီးအသက်အန္တရာယ်ဆုံးရှုံးရနိုင်ချိန်မှာတောင် အရာရာကိုစွန့်လွှတ်ကာ လမ်းပေါ်ထွက်လာကြတာဖြစ်ပါတယ်။Gen X,Y,Z တွေအကုန်လုံးက မိမိတို့ထမ်းဆောင်နိုင်သလောက်တာဝန်တွေကို ကိုယ်စီဆောင်ရွက်နေကြတာဖြစ်လို့ ပြည်သူအားလုံးက တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာ ဖြစ်ပါတယ်။

Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto

ဒီနေ့  မေလ(၆)ရက်နေ့မှာဆိုရင် မန္တလေးမှာနေထိုင်ကြတဲ့ပြည်သူလူထုက တပ်ပေါင်းစုသပိတ်အနေနဲ့ လမ်းပေါ်ကိုလူပေါင်းများစွာထွက်လာကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း စိတ်ဓာတ်အားမာန်အပြည့်နဲ့ ရှေ့သို့ချီတက်ကြပြီး လူထုလှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူတိုင်းနီးပါးရဲ့ရင်ထဲမှာ ကြောက်စိတ်ကိုတွန်းလှန်ထားကြပြီး အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေအတွက် အားသွန်ခွန်စိုက် ကြိုးစားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto

ဒါ့ကြောင့်လည်း တဖန်ပြန်လည်အားကောင်းလာတဲ့ လူထုလှုပ်ရှားမှုတွေကိုကြည့်ပြီး ပြည်သူလူထုက ဝမ်းသာအားရဖြစ်နေကြတာဖြစ်ပါတယ်။မန္တလေးကသူရဲကောင်းတွေကလည်း အားလုံးတစ်စိတ်တစ်ဝမ်းတည်းရှိပြီးရောင်နီသာတဲ့နေ့သစ်ဆီရောက်အောင် အတူတူလျှောက်လှမ်းနေကြတာဖြစ်ပါတယ်။နေ့စဉ်မပြတ် လမ်းပေါ်ထွက်နေကြပေမယ့် မပင်ပန်းကြဘဲ အားအင်ပြည့်နေကြတဲ့ မန္တလေးမြို့ကလူအုပ်ကြီးရဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto
Photo Credit:MPS Pressphoto

Source&Photo Credit: Original Uploder/MPS Pressphoto

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T