နွေဦးတော်လှန်ရေးမှာ သွေးမအေးဘဲ ရဲရင့်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မိတ္ထီလာမြို့ကျောင်းသားပြည်သူများ

//s9.kh1.co/03/03b13853c45d2c9618542f90edcfb97baee0fa4e.jpg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အခုလိုအချိန်မျိုးမှာတော့ ပြည်သူတွေက နည်းလမ်းမျိုးစုံ အသုံးပြုကာ လူထုလှုပ်ရှားမှုကြီးကို နေ့စဉ်နဲ့ အမျှ ပါဝင်ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။မလျော့သော ဇွဲ၊လုံလ တွေနဲ့ နောက်မဆုတ်ဘဲ ရှေ့ဆက် လျှောက်လှမ်းကာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။GZလို့ခေါ်တဲ့ အရည်အချင်းရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကလည်း ဆန္ဒထုတ် ဖော်နိုင်မယ့် နည်းလမ်းတွေကို တွေးခေါ်ကာ ထီထွင် ဆန်းသစ်နိုင်စွမ်းရှိတဲ့ သူတွေပဲ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ဖြိုခွင်းမှုနဲ့ အဖမ်းအဆီးများ ရှိနေပေမယ့်လည်း ပြည်သူတွေက မကြောက်မရွံ ဆက်လက်ချီတက်နေကြပြီး အခက်အခဲတွေ ကြားထဲကနေ ပြုလုပ်နေကြတာကို လေးစားဖွယ် တွေ့မြင်ရပါတယ်။ဒီလိုအခြေအနေ ဖြစ်နေတဲ့ သုံးလကျော်အတွင်းမှာ အသက်ပေး သွားကြရတဲ့ အာဇာနည် သူရဲ ကောင်းတွေလည်း အများအပြား ရှိလာသလို ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူကလည်း တကယ်ကို များပြားနေတာ ပဲဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဒါပေမယ့်လည်း ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမရင်း ကြုံလာတဲ့ ကိစ္စမှန်သမျှကို ရင်ဆိုင်ကာ ယနေ့မေလ(၆)ရက်နေ့မှာတော့ မိတ္ထီလာမြို့နယ်က ကျောင်းသားပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။ဒီနေ့သပိတ်စစ်ကြောင်းကို အခြားမြို့နယ်၊ရပ်ကွက် အနှံ့အပြားမှာ ဆန္ဒထုတ်ဖော်လျက်ရှိတာလည်း တွေ့ရပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T