နိုင်ငံ ရေးကိစ္စကြီးလည်း မြန်မြန်ပြီးစေချင်ပါပြီ လို့ စိတ်မကောင်းစွာ ပြောပြလာတဲ့ မီးနို

//s9.kh1.co/5d/5d91e0fb204a1d1076ec74ec8237d8fe8096e2db.jpg
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....ချိုသာတဲ့အသံလေးနဲ့ သီချင်းကောင်းတွေ များစွာ ထွက်ရှိထားပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင်ကတော့ မီးနို ပဲဖြစ်ပါတယ်။မီးနိုက စိတ်သဘောထားဖြူစင်သလို အလှူအတန်းမှာ ဆိုရင်လည်း လက်မနှေးတဲ့ သူဖြစ်ပါတယ်။လက်ရှိ မြန်မာ နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး သူမက ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account

ဒါ့အပြင် မမျှော်လင့်ပဲ ကျဆုံးသွားရတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက်ကိုလည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်ကာ ကိုယ်တိုင်သွားရောက် လှူဒါန်းကာ ကူညီဖေးမ မှုတွေ ပြုလုပ်သလို အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက်လည်း စုပေါင်းကာ အလှူပြုလုပ် နေတာကို တွေ့ရပါတယ်။မကြာသေးခင် အချိန်က သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် နိုင်ငံရေး ကိစ္စကြီး ပြီးရင်လည်း အလုပ်တွေ ပြန်လည်ပတ်အောင် အချိန်ပေးရဦးမှာဘဲ ဆိုပြီး အခုလိုရေးသား ဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account

"နိုင်ငံ ရေးကိစ္စကြီးလည်းမြန်မြန်ပြီးစေချင်ပါပြီ ပြီးသွားခဲ့ရင်လည်းဘယ် အလုပ်မဆို အလုပ်တွေ ပြန်လည်ပတ်အောင် ပြန် run ဖို့ အချိန်က ပေးရဦးမှာဘဲ 88 တုန်းကတော့ ၁ နှစ်လောက်ကြာတယ် တဲ့ ခုရော???☹️ မဟုတ်ရင်တောင်ဒါကြီးပြီးလို့ COVID 3rd wave? ??☹️"ဆိုပြီး စိတ်မကောင်းဖြစ်စွာ ပြောပြလာတာ ဖြစ်ပါတယ်။အားလုံးလည်း ဒီလိုကာလမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ အမြန်ဆုံး ကင်းဝေးကြပါစေလို့ ဆုတောင်းမှုပြုပါတယ်။???

Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account
Photo Credit- Mee No FB Account

သတင်း အရင်းအမြစ်Mee No FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T