မြန်မာပြည်မှာမရှိပေမယ့် ဘယ်နိုင်ငံကိုပဲရောက်ရောက် မြန်မာ့အရေးအတွက် အစွမ်းကုန်ကြိုးစားပေးသွားမယ်ဆိုတဲ့ ဟန်နာယူရီ

//s9.kh1.co/73/7355a0460310412daf1516cb9dfda9e261bf956b.png
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမှာတော့ကိုရီးယားနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ရောက်ရှိသွားပြီဖြစ်တဲ့ ဟန်နာယူရီဟာ လတ်တလောသူမရဲ့အတွေ့အကြုံနဲ့ မြန်မာပြည်အပေါ်ထားတဲ့ ခံစားချက်တစ်ချို့ကို ပြောပြလာခဲ့ပါတယ်။ ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ့်နိုင်ငံကိုမမေ့ဘဲ နိုင်ငံ့ကောင်းကျိုးအတွက် အစွမ်းကုန်ကြိုးစားပေးသွား မယ်ဆိုတဲ့အကြောင်းလည်းပြောခဲ့ပါတယ်။ ကိုရီးယားမှာ (၆) လသာနေရမှာဖြစ်ပါတယ်။ (၆) လ ပြည့်ရင် ထိုင်းနိုင်ငံကိုပြောင်းရွှေ့ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ သူမအတွက်အလုပ်ကိုင်အခွင့်အလမ်း ပိုများတာကြောင့် အခုလိုပြောင်းရွှေ့တာပဲဖြစ်ပါတယ်။ လက်ရှိကိုရီးယားမှာရှိနေတဲ့ သူမရဲ့ခင်မင်ရသူတွေ က ကူညီပေးတဲ့အကြောင်း ပရိသတ်တွေစိတ်မပူဖို့ အသိပေးခဲ့ပါတယ်။

Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc

ကိုရီးယားမှာကျောင်းတက်ဖို့ အကုန်လုံးပြင်ဆင်ပြီးခါမှ နိုင်ငံရေးမတည်မငြိမ်ဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေကိုထားမသွားချင်တဲ့စိတ်နဲ့ မြန်မာပြည်မှာနေပြီး မြန်မာ့အရေးကိုပဲ အာရုံစိုက်ကာ သတင်းမှန်တွေကမ္ဘာကသိဖို့ ကြိုးစားပေးခဲ့သူပါ။ သူမရဲ့ခံယူချက်ကိုလည်း " ကျွန်မကနိုင်ငံရေးသမား မဟုတ်ပါဘူးရှင် နိုင်ငံနဲ့လူမျိုးကိုချစ်မြတ်နိုးတဲ့ပြည်သူတစ်ယောက်ပါ ဖိနှိပ်ခံပြည်သူတစ်ယောက်အနေနဲ့ ကျွန်မတတ်နိုင်တာတွေကူညီလုပ်သွားပါမယ် ဒါကြောင့် ဘယ်ရောက်ရောက် မြန်မာပြည်အဆင်ပြေ အေးချမ်း ကျွန်မချစ်တဲ့မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံတဲ့အထိ အမှန်တရားဖက်ကရပ်တည်နေမှာပါ " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc
Photo Credit - Hannayuri 's FB Acc

သူမရဲ့လူမှုကွန်ယက်တွေကနေ အလုပ်ကိစ္စနဲ့ အလှပုံတွေတောင်မတင်တော့ဘဲ နိုင်ငံအရေးကိုပဲ ဦးစားပေးပြီး လူအများသိအောင် ဝေမျှပေးခဲ့ပါတယ်။ မြန်မာပြည်အတွက် သတင်းမှန်တွေကို ကမ္ဘာကသိစေဖို့လည်း ခြေထောက်တွေဒဏ်ရာဖြစ်တဲ့အထိ လမ်းလျှောက်ပြီး ကြိုးစားပန်းစား ပြောပေးခဲ့သူပါ။ သူမရဲ့ရပ်တည်ချက်ကိုလည်း " ကျွန်မအခုကိုရီးယားရောက်နေပေမယ့် ဘာမှအခြေတကျမဖြစ် ပြင်ဆင်စရာတွေ ဥပမာ နေဖို့အိမ်၊ ကျောင်းတစ်ဖက်နဲ့အတွက် ပြင်ဆင်စရာတွေရှိနေသေးတာမို့ တစ်ချို့လစ်ဟာတာတွေနည်းနည်းရှိရင် ခွင့်လွှတ်နားလည်ပေးပါ ကျွန်မအနေအထားနဲ့ တတ်နိုင်သလောက် support ပေးသွားပါမယ် Stay safe everyone အရေးတော်ပုံအောင်ရမည် " ဆိုပြီးပြောပြခဲ့ပါတယ်။ ပြည်သူနဲ့ တစ်သားတည်းရပ်တည်နဲ့ ယိင်းကို ပရိသတ်တွေကလည်းပိုချစ်ပြီး အားပေးလာခဲ့ပါတယ်။

Photo Credit - Hannayuri 's FB Acc<br>
Photo Credit - Hannayuri 's FB Acc

သတင်း အရင်းအမြစ်Hannayuri 's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T