ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် လူမင်းပဲ ဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီလအစကတည်းမှစတင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လူမင်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ အခုလို လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ ချစ်ခင်ကြတဲ့ အနုပညာလောကမှ ညီအစ်ကို မောင်နှမတွေကလည်း လူမင်းရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ သရုပ်ဆောင် လူမင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဧရာဝတီလူမင်း Facebook အကောင့်တွင်လည်း ချစ်ခင်ရသူများမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားကြတာကို မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် သရုပ်ဆောင် မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း လူမင်းရဲ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး မိသားစုတွေ အမြန်ဆုံဆည်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ်။
သူကလည်း " ပျော်စရာကောင်းတဲ့မွေးနေ့မဟုတ်ပေမယ့် ကျန်းမာစေကြောင်း၊ အန္ဒရာယ်ကင်းပါစေကြောင်းဆုတောင်းပါတယ် မိသားစုတွေအမြန်ဆုံကြပါစေ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့အနုပညာရှင်များနဲ့ အခြားသောသူများ အားလုံးအမြန်ဆုံး လွှတ်ပေးရန် ပြည်သူများက သူတို့ရဲ့ ဆိုရှယ်မီဒီယာများတွင် speak out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေးနဲ့ မေတိုးခိုင်လည်း ဒီကနေ့မှာ မွေးဖွားကြသူတွေဖြစ်ပါတယ်။
Source and Photo Crd-Kyaw Kyaw Htay Lwin’s and Ayarwaddy Lu Min’s Facebook Account