မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်းဆောင်တစ်ဦး

//s9.kh1.co/a1/a17b6a77b4dbb9b21aa3169e532a0cc779e32e24.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်းဆောင်တစ်ဦး

ကျဆုံးသူတွေ တဖြည်းဖြည်းနဲ့ များပြားလာပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့သူတွေ အမြောက်အမြားရှိနေတဲ့ကြားကနေ လူထုဆန္ဒထုတ်ဖော်ပွဲတွေကတော့ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့တုန်းကလည်း ကမ္ဘာ့နိုင်ငံအသီးသီးကပြည်သူတွေ ပါဝင်လှုပ်ရှားနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးပွဲကြီးကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့က ထိုင်းနိုင်ငံမှာဆိုရင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ ထိုင်းလူမျိုးအချို့ကလည်း ဆန္ဒထုတ်ဖော်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူတို့ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ( UN) ရုံး‌ရှေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တက်တက်ကြွကြွပါဝင်ပေးခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကတော့ အဲ့ဒီနေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်က "Mr. Weera Saengthong @ Saraj Giri" ဖြစ်ပြီး မြန်မာအရေး တက်ကြွလှုပ်ရှားသူ ဘန်ကောက် သပိတ်ခေါင်းဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အားဖြည့်ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း သူ့ရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် မြန်မာပြည်သူတွေက ဖမ်းဆီးခံထားရတဲ့ " Mr. Weera Saengthong" ကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာတွေတစ်ဆင့် အားလုံးသိအောင် ရေးသားဖော်ပြပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T