ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်းထဲမှာအရမ်းငိုခဲ့ရတာကြောင့် အလှူရှင်တွေနဲ့အပြင်မှာတွေ့တော့ မျက်ရည်တောင်မထွက်တော့ပါဘူးဆိုတဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/e4/e42df2f9542a421cea68f2e3638d8b00e7717665.jpeg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်းထဲမှာအရမ်းငိုခဲ့ရတာကြောင့် အလှူရှင်တွေနဲ့အပြင်မှာတွေ့တော့ မျက်ရည်တောင်မထွက်တော့ပါဘူးဆိုတဲ့ အမျိုးသမီးတစ်ဦး

အခုချိန်မှာဆိုရင် တစ်ဦးစေတနာ၊တစ်ဦးမေတ္တာဆိုသလို ပြည်သူတွေက ဘယ်သူ့ကိုမဆို အကြင်နာတရားနဲ့ကူညီပေးနေကြတာဖြစ်ပါတယ်။အရမ်းခက်ခဲနေလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကူအညီတောင်းခံလာတဲ့သူတိုင်းကိုလည်း စေတနာရှင်တွေက တတ်နိုင်သလောက်လှူဒါန်းပေးကြတာဖြစ်ပါတယ်။ကလေးလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ဦးဆိုရင် စားဖို့၊သောက်ဖို့တောင်အနိုင်နိုင်ဖြစ်နေလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူမခက်ခဲနေရတဲ့အကြောင်းကို တင်ပေးလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အလှူရှင်တွေကလည်း ကလေးလေးအတွက် နှို့မုန့်တွေ၊အဝတ်အစားတွေကိုလှူဒါန်းပေးတဲ့အပြင် ပိုက်ဆံတွေလည်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုက အခုချိန်မှာ အချင်းချင်းကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်လို့ ခက်ခဲကြပ်တည်းနေသူတွေလည်း အဆင်ပြေပြေနဲ့ ရပ်တည်နေနိုင်ကြတာပဲဖြစ်ပါတယ်။ဒီအမျိုးသမီးလေးကတော့ အလှူရှင်တွေကို ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေလိုမျိူး အားကိုးယုံကြည့်တာကြောင့်အခုလိုအကူအညီတောင်းခံခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အမျိုးသမီးလေးကတော့ သူမတို့သားအမိနှစ်ယောက်ကို စေတနာရှေ့ထားပြီးကူညီလှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ယောက်စီတိုင်းကို ကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။သမီးလေးအပေါ်မှာလည်း မိခင်မေတ္တာအပြည့်အဝထား​ပေးတာကြောင့် မရှက်မကြောက်ဘဲ လိုင်းပေါ်မှာ အလှူခံကျွေးတာဖြစ်ပါတယ်။ဒီလိုခက်ခဲကြပ်တည်းနေကြတဲ့ကာလမှာတောင် ပြည်သူတွေက တစ်နိုင်တစ်ပိုင်လေးလှူဒါန်းနေကြတာဖြစ်လို့ စေတနာရှင်တွေရဲ့အလှူကိုသာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T