အစာအိမ်ဖြစ်နေတာကြောင့် အစားမစားနိုင်ဘဲ ဘယ်လိုမှမသက်သာတာမို့ မပြုံးနိုင်ဘူးလို့ ဆိုလာတဲ့ စူးရှထက်

//s9.kh1.co/f5/f5ff6aba7c4019398d94e4ffb60366f9b8ed0f67.jpg
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....မော်ဒယ်လ် သရုပ်ဆောင် စူးရှထက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုရရှိထားတာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ကာ လူထုလှုပ်ရှားမှုကြီးကို အားကြိုး မာန်တက် လုပ်ဆောင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ပြည်သူတွေအားလုံး စည်းလုံးညီညွှတ်စွာ ပြုလုပ်ကြတဲ့ နွေဦးတော်လှန်ရေးမှာ စူးရှထက်က လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်သလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ သူပဲ ဖြစ်ပါတယ်။

Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account

သူမရဲ့ ချွေးနည်းစာ ငွေကြေးနဲ့ အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းကာ ဒီလိုကာလမှာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ကိုယ်တိုင် သွားရောက် လှူဒါန်းကုသိုလ်ပြု နေတာလည်း ဖြစ်ပါတယ်။မကြာသေးခင်အချိန်ကလည်း သူမရဲ့ကားကိုတောင် ရောင်းပြီး နိုင်သလောက် ထပ်မံလှူဒါန်းနေတာလည်း တွေ့ရပါတယ်။ဒီနေ့မှာ ဆိုရင်တော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အစာအိမ်ဖြစ်နေတာကြောင့် အစားမစားနိုင်ဘဲ ဘယ်လိုမှ မသက်သာတာ မို့ မပြုံးနိုင်ကြောင်းကို ပြောပြပေးလာတာ ဖြစ်ပါတယ်။

Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account

"အစာအိမ်ဖြစ်နေတာ ၃ရက်၄ရက်ရှိပြီ ကိုယ့်ကိုတွေ့ရင် မျက်နှာကြောတင်းတယ်လို့ မထင်စေချင်ဘူး ဘယ်လိုမှနေလို့မကောင်း အစားမစားနိုင်တာ ၃ရက်၄ရက် နားထဲကလေတွေပါထွက်တယ် မူးပြီးဘာမှမမြင်ရ တကယ် ဟန်မပျက်နေနေပေမယ့်လည်း ဘယ်လိုမှမသက်သာလို့ မပြုံးနိုင်လို့ပါ ???"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။သူမကို ချစ်တဲ့ပရိသတ်တွေကလည်း စိတ်ပူလို့ သတင်းမေးထားကြကာ ဂရုစိုက်ဖို့ ပြောထားကြတာကိုလည်း တွေ့ရပါတယ်။

Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account
Photo Credit -Zar Chi FB Account

သတင်း အရင်းအမြစ်Zar Chi FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T