လှိုင်သာယာက ကျူးအိမ်မိသားစုတွေအတွက် ဆန်တွေ ပေးဝေလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/10/103ed2e7ff95826b1dd9ddb0f3bab07154bb550b.jpeg
အနုပညာရှင်များ

 ၀၇-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

ခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း လှိုင်သာယာဘက်မှ ကျူးအိမ်မိသားစုတွေအတွက်လည်း ဆန်တွေ ကိုယ်တိုင်ကိုယ်ကျချိန်တွယ်ကာ ပေးဝေလှူဒါန်းပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေပြန်ပါတယ်..။

စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ကျူးအိမ်ခြေ (၂၀၀)အတွက် တစ်အိမ် ဆန်(၅)ပြည်စီ ပေးဝေခဲ့တာဖြစ်ပြီး အိမ်တွေအထိလိုက်ဝေဖို့ အဆင်မပြေတာကြောင့် ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်ရုံးတွေကနေ လှူဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"လှိုင်သာယာ ဘက်မှ ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင် ဆန် (၅)ပြည်စီ ဝေမျှ လှူဒါန်းခဲ့ပါတယ်ရှင်.. အိမ်တွေထိ  လိုက်ဝေလို့ အဆင်မပြေတဲ့ အတွက် ဘုန်းဘုန်းကျောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာသာ လှူဖြစ်ခဲ့ပါတယ်... ကျွန်မနှင့် အတူ နိဗ္ဗာန်လမ်းကို ရည်မှန်း၍ ပါဝင် လှူဒါန်းပေးကြသော အလှူရှင်များ နှင့် သာဓုခေါ်ဆို ပေးကြသော ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ ကုသိုလ်ရကြပါစေရှင်.???.." ဆိုပြီး အလှူပုံရိပ်တွေကို ခိုင်နှင်းဝေက မျှဝေထားတာ ဖြစ်ပါတယ်..။

နေ့တိုင်းလိုလို လိုအပ်နေတဲ့ပြည်သူတွေအတွက် ကူညီဖေးမနေတဲ့ ခိုင်နှင်းဝေရဲ့ အလှူတွေကို ပရိသတ်တွေအားလုံးကလည်း ဝမ်းသာအားရသာဓုခေါ်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T