အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် ငွေသားတွေအပြင် အရေးကြီးတဲ့ပစ္စည်းတွေ ပါသွားတဲ့အကြောင်း ပြောပြလာတဲ့ သီဟအောင်

//s9.kh1.co/f7/f721c469e0234463ff72eed0d266af429a3d3275.jpeg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

..

လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ သားချောလေး သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုကနေတဆင့် အနုပညာလောကထဲက စတင်ဝင်ရောက်လာခဲ့ပြီး ကြော်ငြာတွေရိုက်ကူးကာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိထားသူပဲ ဖြစ်ပါတယ်..။

သီဟအောင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေကိုဝေမျှပြောပြတတ်သလို သူ့ရဲ့နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

Photo Credit - Lynn Eain Kha Photography
Photo Credit - Lynn Eain Kha Photography
Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc

နေ့လည်ပိုင်း ၁နာရီ ဝန်းကျင်လောက် အပြင်ခဏထွက်နေချိန်မှာပဲ အိမ်ဖောက်ခံလိုက်ရတာဖြစ်ပြီး ငွေသား(၂)သိန်းကျော်၊ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ကားစာအုပ်၊ မြေဂရံစာချုပ်နဲ့ အခြားပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်..။

မွှေနှောက်ရှာဖွေသွားပြီး ဖောက်ထွင်းခံလိုက်ရတဲ့ အိမ်အတွင်းပိုင်းပုံတွေကိုလည်း သီဟအောင်က ဓာတ်ပုံတွေနဲ့အတူ ဝေမျှရင်း စိတ်မကောင်းစွာ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc

"??

ကျွန်တော့်အိမ် နေ့လည်၁၂နာရီ၁နာရီ ဝန်းကျင်မှာ အပြင်ခဏထွက်နေချိန်မှာပဲ ဖောက်ခံလိုက်ရပါတယ်ဗျာ.. အရေးကြီးသော စာရွက်စာတမ်း မြေဂရံစာချုပ်များ ကားစာအုပ် (YGN 9E-5677)၊ ငွေသား ၂သိန်းကျော် နှင့် အခြားပစ္စည်းများ ပါသွားပါသည်.. ကျွန်တော့် Fans တွေ ပေးထားတဲ့ ပစ္စည်းတွေပါ ပါသွားလို့ပါ.. ကျေးဇူးပြု၍ ဝိုင်းဝန်းShareပေးကြပါခင်ဗျာ??ပြင်ဦးလွင်.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း အခုလိုခက်ခဲနေကြတဲ့အချိန်မှာ အိမ်ဖောက်ထွင်းခံလိုက်ရတဲ့ သီဟအောင်အတွက် အားပေးစကားတွေနဲ့အတူ ဂရုစိုက်ဖို့ကိုလည်း သတိပေးပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc
Photo Credit - Thiha Aung's Fb Acc

သတင်း အရင်းအမြစ်Thiha Aung's Fb Acc



Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T