လက်ရှိအခြေအနေတွေကြောင့် အိမ်နဲ့ခွဲခွာနေရပြီး မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေကြောင်း ပြောပြလာတဲ့ မေမဒီ

//s9.kh1.co/55/55393391d40d3263879d5e7f65bdb9f5c5df66b5.jpeg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

..

Myanmar Idol ပြိုင်ပွဲကြီးကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဂီတလောကမှာ အခိုင်အမာလျှောက်လှမ်းနေတဲ့ အဆိုတော်မေမဒီကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေအားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ မေမဒီကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လတ်တလောမှာလည်း သူမရဲ့ လုံခြုံရေးအတွက် ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်..။

Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page

မေမဒီကတော့ အခြေအနေတွေအမျိုးမျိုးကြောင့် အိမ်နဲ့ခွဲခွာနေ နေရကာ မိသားစုနဲ့လည်း အဆက်အသွယ်မရတဲ့ အကြောင်းတွေကို စိတ်မကောင်းစွာ ရင်ဖွင့်ပြောပြရင်း cover song ဆိုထားတဲ့ သူမရဲ့သီချင်းလေးကိုလည်း ဝေမျှလာပါတယ်..။

မိသားစုနဲ့ အိမ်ကို လွမ်းတဲ့အကြောင်းတွေ ပုံဖော်သီဆိုထားတဲ့ သီချင်းလေးကို Cover Song ပြန်လည်ဆိုထားတာဖြစ်သလို ပြည်သူတွေအားလုံးကိုလည်း အန္တရာယ်ကင်းပြီး မျှော်လင့်ထားတဲ့ နေ့တွေအမြန်ဆုံးရောက်စေဖို့ ဆုတောင်းစကားတွေလည်း မေမဒီက ဆိုထားပါသေးတယ်..။

Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page

"Hey guys ?

အခြေအနေတစ်ခုကြောင့် အိမ်ကထွက်ခွါခဲ့ရတာ 

၁ လကျော်ခဲ့ပြီ ..?

မိသားစုနဲ့လဲ အဆက်အသွယ်မရှိတာကြာပါပြီ ?

အားလုံးကိုသတိရပါတယ် ....?

အန္တရာယ်ကင်း ဘေးကင်းပြီး အားလုံးမျှော်လင့်ထားတဲ့နေ့အမြန်ဆုံးရောက်ပါစေ ဆုတောင်းရင်း... 

**အိမ်ပြေး** Cover

MMD

SaveMyammar.." ဆိုပြီး သူမ Cover Song ပြန်ဆိုထားတဲ့ သီချင်းလေးကိုလည်း မျှဝေထားပါသေးတယ်..။

ဖော်ကာရဲ့ အိမ်ပြေးသီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ သူမရဲ့ သီချင်းကိုလည်း ပရိသတ်တွေက သဘောကျနေကြသလို အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page
Photo Credit - May Madi's Fb Page

သတင်း အရင်းအမြစ်May Madi's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T