ယုံကြည်ချက်တွေအတွက် ရဲဝင့်စွာ ချီတက်ခဲ့ကြပေမယ့် အဖမ်းအဆီးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်သပိတ်

//s9.kh1.co/27/27c9fdd7c8202567f0838313e6e74dd753e70e7b.jpeg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပမှာ နေထိုင်ကြတဲ့ GenXYZ လေးတွေကတော့ နွေဦးတော်လှန်ရေးကြီးရဲ့ ဒီလှုပ်ရှားမှုမှာ အဓိကကျတဲ့ သူရဲကောင်းလေးတွေဆိုလည်းမမှားပါဘူး။ သတ္တိရှိမှု စည်းလုံးမှု တီထွင်ကြံဆမှုတွေ ကောင်းလွန်းတာကြောင့် ပြည်သူများက လေးစားချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက သူတို့ကိုယ်တိုင်လည်း ရှေ့တန်းကနေ လှုပ်ရှားမှုတွေပြုလုပ်သလို ဖြိုခွင်းခံရမှုတွေကိုလည်း အကာအကွယ်အပြည့်အစုံနဲ့ ခုခံကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ သူရဲကောင်း များစွာ ကျဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူတွေလည်း ထောင်ချီရှိနေခဲ့ပါတယ်။ဘယ်လို အကြောင်းအရာ အခက်အခဲတွေပဲရှိနေပါစေ လူငယ်တွေအားလုံးကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း နေ့ရက်တိုင်း ရရာနေရာတွေကနေ strike မျိုးစုံကိုလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။သွေးမတော်သားမစပ်ကြပေမယ့်လည်း လမ်းပေါ်ရောက်တာနဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေကြောင့် စည်းလုံးသွားကြတာလည်း တကယ်ကိုလေးစားစရာမြင်ကွင်းတွေပါ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာဆိုရင်လည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြောက်ကျားသပိတ်ပြုလုပ်နေတဲ့ လူငယ်တွေများစွာရဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့မြင်နေရပါတယ်။မေလ (၇) ရက်နေ့မှာလည်း မြို့နယ် နေရာအသီးသီးကလူငယ်တွေ ဦးဆောင်ကာ " ဘာတွေလည်း ရန်ကုန်သားတွေ သပိတ်" ကိုချီတက်လှုပ်ရှားခဲ့ကြပါတယ်။ဒီလိုလှုပ်ရှားရင်း ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တယ်လို့သိရပါတယ် ။ပရိသတ်ကြီးအတွက် လူငယ်လေးတွေရဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T