မွေးနေ့မှာ ပြည်သူလူထု လိုချင်သော အကြီးမားဆုံးဆုကို တောင်းမိတယ် ဆိုတဲ့ သာထက်ဉာဏ်ဇော်

//s9.kh1.co/dc/dc92e79a9369c87934f09464787d4eb26883484b.jpg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသား သာထက်ဉာဏ်ဇော်ကတော့ MRTV-4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်းကနေ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။နောက်ဆုံးပြသခဲ့တဲ့ "မမှီဝဲနဲ့ ကင်းအောင်နေ"ဇာတ်လမ်းတွဲမှာတော့ သူရဲ့ သရုပ်ဆောင် ပီပြင်ကောင်းမွန်မှုကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပြီး အခုလို အခြေအနေတွေမှာဆိုရင်လည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ပေးနေတဲ့ သူ ပဲဖြစ်ပါတယ်။

Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account

ဒါ့အပြင် သာထက်ဉာဏ်ဇော်က ကိုယ်တိုင်ရှာဖွေ စုဆောင်းထားတဲ့ ချွေးနည်းစာကို စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို နိုင်သလောက် သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။လူထုလှုပ်ရှားမှုကြီးတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားသလို အလှူအတန်းတွေ ပြုလုပ်ရင်း ပြည်သူတွေ အားတင်းထားဖို့နဲ့ ဉာဏ်သုံးပြီး ရှေ့ဆက်ကြဖို့ စာတွေကို သူရဲ့Facebook စာမျက်နှာတွင် တင်ပေးနေတာကို တွေ့ရပါတယ်။

Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account

ဒီနေ့မှာတော့ သာထက်ဉာဏ်ဇော်က သူရဲ့ မွေးနေ့ရက်လေး ဖြစ်တာကြောင့် အလိုချင်ဆုံးဆုကို တောင်းတဲ့ အကြောင်းကို လူမူကွန်ယက်စာမျက်နှာထက်တွင် "ယနေ့ ကျွန်တော့် မွေးနေ့မှာ အကြီးမားဆုံးဆု တောင်းမိတယ် ကျွန်တော်တို့ ပြည်သူလူထု လိုချင်သော စစ်မှန်သော DEMOCRACY ကြီးအမြန်ရရှိပါစေလို့ ဆုတောင်းပါတယ် ?#THNZLOVERS?"ဆိုပြီး ပုံရိပ်တွေနဲ့ အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်း တောင်းပေးကြကာ ချစ်ခင်အားပေးနေကြောင်း ပြောထားတာတွေကိုလည်း တွေ့ရပါတယ်။

Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account
Photo Credit -Thar Htet Nyan Zaw FB Account

သတင်း အရင်းအမြစ်Thar Htet Nyan Zaw FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T