မိန်းကလေးသုံးယောက် အဖမ်းခံရတဲ့ သတင်းအပါအဝင် ဒီကနေ့မနက်ပိုင်း ဆန္ဒထုတ်ဖော်မှုသတင်းများ

//s9.kh1.co/10/10c090423b9b30dd385ea639401d11dde2560b97.jpg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မေလ ၈ ရက်နေ့ မနက်ပိုင်း twitter ပေါ်မှာတော့ မြန်မာနိုင်ငံအရပ်ရပ်က ဆန္ဒထုတ်ဖော်တဲ့ သတင်းတွေနဲ့ ပုံတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ပျံ့နှံ့လာတဲ့သတင်းတွေအရ ဒီကနေ့မနက်ပိုင်းထဲက မြစ်ကြီးနား ၊ မန္တလေး ၊ ပခုက္ကူ ၊ ရေဖြူ ၊ စစ်ကိုင်းနဲ့ အခြားသောမြို့တွေမှာ ဆန္ဒဖော်ထုတ်နေကြတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=608,q=100/c9/c921b5b4673eea08830411146fa4519bc109af43.jpg
https://s9.kh1.co/__image/w=650,h=543,q=100/86/86523d428d3f3131a9231ed3b542562ad8682749.jpg
https://s9.kh1.co/__image/w=650,h=613,q=100/03/03cf2f4fae27e487a5614f57445a28729099992c.jpg

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ပင်မသပိတ်စစ်ကြောင်းဟာဆိုရင်လည်း WELCOME PDF ဆိုတဲ့ စာသားကို ပုံဖော်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မော်လမြိုင်က အခြေခံပညာကျောင်းတစ်ခုမှာ ဆေးအနီတွေနဲ့ စာတွေရေးဆွဲဲပြီး ဆန္ဒဖော်ထုတ်ထားတဲ့ သတင်းလည်း ပျံ့နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ec/ec80c8ba2cbdcb7045c12f067b963267aad671db.jpg
https://s9.kh1.co/__image/w=650,h=488,q=100/64/64198c30dab74098a5cdbcba9a6493c11a034657.jpg
https://s9.kh1.co/__image/w=650,h=625,q=100/9e/9e9b9891f9146aa1279026d7442c278946893d0f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c5/c5ef20f587169ad1ede4c8eb954418843f85869a.jpg

နောက်ထပ်အနေနဲ့ကတော့ ဒီကနေ့မနက် ၃နာရီ ၃၀ မိနစ်လောက်က ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံမှာ နေထိုင်တဲ့ မိန်းကလေးသုံးယောက် အဖမ်းခံရတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။

အဖမ်းခံရတဲ့ မိန်းကလေး သုံးယောက်ရဲ့ နာမည်ကတော့ မယမင်းဟန် ၊ မသက်ထားဇင် နဲ့ မအေးချယ်ရီမိုးတို့ ဖြစ်ကြပြီး သူမတို့ရဲ့ နေအိမ်အတွင်းမှာပဲ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=590,q=100/59/598ae272216d8dd2532a1cf21dbad5348a4eeb77.jpg
https://s9.kh1.co/__image/w=650,h=366,q=100/2f/2fcc60f48a77a31f0f9cefe56732b2a95db6460a.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T