အသက်မပြည့်သေးတဲ့ကလေးရဲ့ခေါင်းကို ကျည်ထိမှန်ခဲ့ပြီး အလောင်းလည်းပြန်မရကြောင်းကို ပြောပြလာတဲ့ဒေသခံများ

//s9.kh1.co/63/63bbe754766afc6d319093b92e0e7099e7801af8.jpeg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အသက်မပြည့်သေးတဲ့ကလေးရဲ့ခေါင်းကို ကျည်ထိမှန်ခဲ့ပြီး အလောင်းလည်းပြန်မရကြောင်းကို ပြောပြလာတဲ့ဒေသခံများ

လတ်တလောအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုကလည်း နည်းလမ်းအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကို နေ့ညမရွေးပြန်လည်ဆောင်ရွက်လာကြပြီး စိတ်ဓာတ်ခွန်အားပြည့်ဝနေကြတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင် မြို့နယ်အသီးသီးမှာ ကျဆုံးသူဦးရေတွေ ထပ်မံတိုးပွါးလာခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။မေလ(၇)ရက်နေ့က မြင်းခြံမြို့မှာ အသက်မပြည့်သေးတဲ့ (၉)တန်းကျောင်းသားအရွယ်လေးတစ်ယောက် ခေါင်းကိုကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြင်းခြံမြို့နယ်၊လယ်သစ်ကျေးရွာမှာ မေလ(၇)ရက်နေ့ နံနက်(၅)နာရီ(၃၀)မိနစ်အချိန်မှာ ပေါက်ကွဲသံတွေလည်းကြားရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ ပေါက်ကွဲမှုဖြစ်ပွါးရာ အနီးနားမှာရှိတဲ့ ကလေးတစ်ဦးရဲ့ခေါင်းကိုကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကျောင်းသားလေးရဲ့နာမည်က မောင်ထက်အောင်(ခ)ဖိုးချစ်ဖြစ်ပြီး ကျဆုံးချိန်မှာအသက်(၁၅)နှစ်အရွယ်ပဲရှိပါသေးတယ်။မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့သားလေးငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုချိန်ထိလည်း ကျောင်းသားလေးမောင်ထက်အောင်(ခ)ဖိုးချစ်ရဲ့ အလောင်းကို ပြန်မပေးဘဲယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိခဲ့ရပါတယ်။လက်ရှိအခြေအနေမှာဆိုရင် အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေလည်းတစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေရတာကြောင့် ပြည်သူလူထုလည်း နာကျင်ခံစားနေရတာဖြစ်ပါတယ်။အသက်မပြည့်သေးတဲ့ ကျောင်းသားလေး မောင်ထက်အောင်ကတော့ စောစီးစွာနဲ့ကြွေလွင့်သွားခဲ့ရတဲ့အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T